Monday, July 6, 2026

ယခုနှစ် ပထမ ၄ လအတွင်း...

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ်...

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော "သလပ်စောင်ဝ်" ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင်...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင်...

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...
HomeNewsLocal Newsမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။

ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေး ချက်အမှတ်စဉ် (၇/၂၀၂၆)ဖြင့် အသိပေးထားခြင်းဖြစ်သည်။

သတိပေးချက်အရ နေပြည်တော်၊ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအ ထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကြောင်း သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေ ကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီ ဥတုအခြေအနေကို ကြိုတင်စောင့်ကြည့်ကာ လိုအပ်သည့်သတိပြုမှုများ ဆောင်ရွ က်ကြရန် နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဟုဆို

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ် (မဲဆောက်)၊ ရနောင်း၊ ကန်ချနဘူရီနဲ့ ချင်းရိုင် စတဲ့ အဓိက နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ IOM က မေးမြန်းခဲ့တဲ့ ဝင်ရောက်လာသူ ၃,၅၀၀ ကျော်ထဲမှာ ၄၁% က တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိကြပါဘူး။ သူတို့လာရတဲ့ အကြောင်းရင်းတွေကတော့ ကုန်သွယ်ရေးနဲ့ အလည်လာတာကနေ အလုပ်ရှာဖို့အထိ...

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော "သလပ်စောင်ဝ်" ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင် ရှေးဟောင်းရိုးရာဈေးတန်းတို့ ဒွန်တွဲတည်ရှိနေပြီး၊ အထူးသဖြင့် လာအိုတို့၏ လက်မှုအနုပညာနှင့် ယဉ်ကျေးမှုအရောင်အသွေးများကို တစ်နေရာတည်းတွင် အစုံလင်ဆုံး မြင်တွေ့နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ဈေးအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အလှပဆုံး ဆွဲဆောင်နေသည်မှာ ရောင်စုံလင်းလက်နေသည့် လာအိုရိုးရာ လက်ရက်ကန်းထည် (လုံချည်/စကတ်) များ ခင်းကျင်းပြသထားသည့် မြင်ကွင်းပင် ဖြစ်သည်။ ဒေသခံအမျိုးသမီးများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနေကြသဖြင့် အလွန်စည်ကားလှသည်။...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲ၌ Music FC အသင်းက Frie nds FC အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071