Saturday, July 4, 2026

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း...

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ မြန်မာသံရုံး၊...

လာအိုနိုင်ငံတွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ...

Air Max ဖိနပ်မှာ 7-Elevenရဲ့...

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏...
HomeNewsLocal NewsYRYEA ၏ NextGen...

YRYEA ၏ NextGen Career and Opportunity Fair 2026 ရန်ကုန်တွင် စတင်ကျင်းပ

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region Young Entrepreneurs Association – YRYEA) က ကြီးမှူးစီစဉ်သည့် NextGen Career and Opportunity Fair 2026 ကို ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ရှိ Sedona Hotel (Grand Ballroom) ၌ စတင်ကျင်းပခဲ့သည်။

အဆိုပါ Career Fair ကို ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့ပြင် YRYEA ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်ရှာဖွေသူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့သည်။

Career Fair တွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၇၀ ကျော် ပါဝင်ပြသထားပြီး အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် CV များကို ကုမ္ပဏီများထံ တစ်နေရာတည်းမှ တိုက်ရိုက်လျှောက်ထားနိုင်ခြင်း၊ ကျွမ်းကျင်သူများထံမှ CV Review ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ အလုပ်အင်တာဗျူးများကို တိုက်ရိုက်ဖြေဆိုနိုင်ခြင်းနှင့် အလုပ်သမားမှတ်ပုံတင်ကတ် (Labour Card) ကို တစ်နေရာတည်းတွင် လျှောက်ထားဆောင်ရွက်နိုင်ခြင်းတို့ကို ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် Talk Show၊ Panel Discussion နှင့် Influencer Sharing Session များကို နှစ်ရက်တာအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ အိမ်တွင်းအလှဆင်၊ အီလက်ထရောနစ်၊ နည်းပညာ၊ မိုဘိုင်းဖုန်း၊ ဘဏ်လုပ်ငန်း၊ အလှကုန်၊ ပညာရေး၊ စားသောက်ကုန်နှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍစုံမှ လုပ်ငန်းများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများကိုလည်း ပြသသွားမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဘွဲ့ရလူငယ်များ၊ လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း YRYEA က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း အရောင်းအဝယ်ဈေးကွက် ဆက်လက်အေးစက်နေ

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စိုးရိမ်စိတ်များ ဆက်လက်ကျန်ရှိနေသဖြင့် ဝယ်ယူလိုသူများသည် အထပ်မြင့်တိုက်ခန်းများ ဝယ်ယူရာတွင် သတိထားနေကြပြီး ဈေးကွက်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်လိုအပ်နေသေးကြောင်း သိရသည်။ “ငလျင်ဖြစ်ပြီး တစ်နှစ်ကျော်လာပေမယ့် လူတွေရဲ့စိုးရိမ်စိတ်က မလျော့သေးပါဘူး။ အထပ်မြင့်တိုက်ခန်းတွေက ပြင်ပထိခိုက်မှု မများပေမယ့် အဆောက်အအုံအတွင်းပိုင်း ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဝယ်ယူသူတွေက သတိထားနေကြတယ်။ လက်ရှိမှာတော့ အရောင်းထက် အငှားဈေးကွက်က ပိုမိုလှုပ်ရှားနေပါတယ်” ဟု...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် ပညာသင်တပ်မတော်အရာရှိများအား တွေ့ဆုံအားပေး

လာအိုနိုင်ငံတွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်အရာရှိများအား သီးသန့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ ပညာသင်တပ်မတော်အရာရှိများအား တွေ့ဆုံနှုတ်ဆက်ကာ ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် ပညာသင်ကြားရေးဆိုင်ရာ အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့သည်။

Air Max ဖိနပ်မှာ 7-Elevenရဲ့ အမှတ်တံဆိပ်အရောင်တွေ သုံးထားတယ်ဆိုပြီး 7-Eleven က Nike ကို တရားစွဲဆို

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင် ဖြန့်ချိတော့မယ့် Air Max 95 ဖိနပ်အမျိုးအစားမှာ 7-Eleven စတိုးဆိုင်တွေရဲ့ လူသိများတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်နဲ့ အနီရောင် ကာလာဒီဇိုင်းနဲ့ တစ်ထပ်တည်းကျလုနီးပါး တူညီတဲ့ အရောင်တွေကို အသုံးပြုထားတာကြောင့်လို့ စွပ်စွဲထားတာပါ။ ဒါးလပ်စ် (Dallas) မြို့က ဖက်ဒရယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ဒီအမှုဟာ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071