Sunday, July 5, 2026

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင်...

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို့ သွားရောက်လေ့လာ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့သည်။

Patuxai သို့ ရောက်ရှိရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အဆောက်အအုံ၏ သမိုင်းနောက်ခံ၊ တည်ဆောက်ပုံဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး အဆောက်အအုံအတွင်းရှိ အနုပညာလက်ရာများကို လေ့လာကြည့်ရှုခဲ့သည်။

Patuxai (Victory Gate) သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူများအား ဂုဏ်ပြုရည်ရွယ်၍ တည်ဆောက်ထားသော အထင်ကရ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်ပြီး ဗီယင်ကျန်းမြို့၏ အရေးပါသော အမှတ်အသားတစ်ခုလည်း ဖြစ်သည်။

အဆောက်အအုံကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပြီးစီးခဲ့ကာ ပြင်သစ်နိုင်ငံ၏ Arc de Triomphe ဗိသုကာပုံစံမှ အယူအဆရယူထားသော်လည်း လာအိုရိုးရာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူယဉ်ကျေးမှုဆိုင်ရာ လက်ရာများကို ပေါင်းစပ်ထည့်သွင်းထားသည်။

Patuxai ၏ အတွင်းပိုင်းတွင် နတ်သမီး၊ ကင်းနရီနှင့် ရိုးရာပန်းနွယ်အလှဆင် ပန်းပုလက်ရာများကို မြင်တွေ့နိုင်သလို အပေါ်ဆုံးရှုခင်းကြည့်စင်မှ ဗီယင်ကျန်းမြို့၏ မြင်ကွင်းကျယ်ကို ကြည့်ရှုနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo- MFSD / ကိုမြင့်စိုး

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေးလေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။ ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းလေ့ကျင့်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071