Saturday, July 4, 2026

မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးမည်

မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို တရုတ်နိုင် ငံ၊ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အပြည့်အဝထောက်ပံ့မည့်အစီအစဉ်ဖြင့် တက္ကသိုလ်တက်ရောက်နိုင်ရန် အ လုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးအပ်မည်ဖြစ် ကြောင်း သိရသည်။ လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသ...

ဥက္ကံမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ် နေအိမ်(၁) လုံးပြိုကျပြီး...

ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်၌ ယနေ့ ဇူလိုင် ၄ ရက်ညနေ ၅ နာရီကျော်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာတွင် လေဆင်နှာ...

၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ်...

မန္တလေးတိုင်း ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase)ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း...

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့်...
HomeInternationalAir Max ဖိနပ်မှာ...

Air Max ဖိနပ်မှာ 7-Elevenရဲ့ အမှတ်တံဆိပ်အရောင်တွေ သုံးထားတယ်ဆိုပြီး 7-Eleven က Nike ကို တရားစွဲဆို

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင် ဖြန့်ချိတော့မယ့် Air Max 95 ဖိနပ်အမျိုးအစားမှာ 7-Eleven စတိုးဆိုင်တွေရဲ့ လူသိများတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်နဲ့ အနီရောင် ကာလာဒီဇိုင်းနဲ့ တစ်ထပ်တည်းကျလုနီးပါး တူညီတဲ့ အရောင်တွေကို အသုံးပြုထားတာကြောင့်လို့ စွပ်စွဲထားတာပါ။

ဒါးလပ်စ် (Dallas) မြို့က ဖက်ဒရယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ဒီအမှုဟာ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ Nike Air Max 95 ဖိနပ်မော်ဒယ်အပေါ် အဓိက အငြင်းပွားနေကြတာပါ။ ဒီဇူလိုင် ၁၁ ရက် ဆိုတဲ့ နေ့ရက်ဟာ အမေရိကန်မှာ “7-Eleven နေ့” အဖြစ် လူသိများသလို၊ ဆိုင်တွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Slurpee အအေး အခမဲ့သောက်ရက် ပရိုမိုးရှင်းနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

7-Eleven ရဲ့ တရားစွဲဆိုချက်ထဲမှာ ဖိနပ်ရဲ့ ဒီဇိုင်းဟာ သူတို့ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အရောင်သုံးရောင်စင်းနဲ့ အလွန်တူနေတာကြောင့် ဝယ်ယူသူတွေကို ဝေခွဲမရ ဖြစ်စေနိုင်တယ်လို့ စွပ်စွဲထားပါတယ်။ တကယ်တမ်းတော့ ဒီကုမ္ပဏီနှစ်ခုကြားမှာ ဘာပူးပေါင်းဆောင်ရွက်မှုမှ မရှိဘဲနဲ့၊ ဝယ်ယူသူတွေအနေနဲ့ ဒီဖိနပ်ကို 7-Eleven ကပဲ စပွန်ဆာပေးထားတာ၊ ခွင့်ပြုချက်ပေးထားတာ ဒါမှမဟုတ် ပတ်သက်မှုရှိနေတာလို့ အထင်အမြင်လွဲမှားသွားနိုင်တယ်လို့လည်း လက်လီအရောင်းဆိုင်ကြီးက တင်ပြထားပါတယ်။

တက္ကဆက်အခြေစိုက် ဒီစတိုးဆိုင်ကြီးက ပြောကြားရာမှာတော့ သူတို့အနေနဲ့ ဒီလိမ္မော်၊ အစိမ်း၊ အနီ အရောင်တွဲကို ဆိုင်ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေ၊ အမှတ်တံဆိပ်ပါပစ္စည်းတွေ၊ ဖိနပ်တွေနဲ့ တခြားထုတ်ကုန်တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ သုံးစွဲလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဒီဇိုင်းနဲ့ပတ်သက်ပြီး ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ခွင့် အများအပြားကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးဘဲ Nike အနေနဲ့ 7-Eleven ရဲ့ အမှတ်တံဆိပ်ကို လူတွေ ပြေးမြင်မိစေဖို့နဲ့ သူတို့ရဲ့ လူသိများမှုကို အခွင့်ကောင်းယူဖို့အတွက် ဒီဖိနပ်ကို တမင်သက်သက် ရည်ရွယ်ဒီဇိုင်းဆွဲခဲ့တာဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ တရားစွဲဆိုချက်ထဲမှာ ဒီဖိနပ်ဟာ 7-Eleven ဆီကနေ အိုင်ဒီယာယူပြီး ထုတ်ထားတာဖြစ်တယ်လို့ ရေးသားကြတဲ့ မီဒီယာသတင်းတွေကိုလည်း သက်သေအဖြစ် ထည့်သွင်းကိုးကားထားပါသေးတယ်။

တရားမစွဲခင်မှာ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ Nike ဘက်ကတော့ ဖိနပ်ကို ဆက်ပြီး ကြော်ငြာအားစိုက်နေသလို လာမယ့် ဇူလိုင် ၁၁ ရက် ဖြန့်ချိမယ့်အစီအစဉ်ကိုလည်း ဆက်လုပ်ဖို့ပဲ ရည်ရွယ်ထားတယ်လို့ 7-Eleven ဘက်ကတော့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Reuters သတင်းဌာနက Nike ဘက်ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ ချက်ချင်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။

အခုအခါမှာတော့ 7-Eleven က ဒီဖိနပ်ရောင်းချမှုကို ပိတ်ပင်တားဆီးပေးဖို့ တရားရုံးကို လျှောက်ထားသလို၊ ဖြန့်ဖြူးပြီးသား ကုန်ပစ္စည်းတွေကိုလည်း ပြန်လည်သိမ်းဆည်းပေးဖို့ (Recall လုပ်ပေးဖို့) တောင်းဆိုထားပါတယ်။ ဒါ့အပြင် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေနဲ့ ဒီဖိနပ်ရောင်းရငွေကနေ Nike ရရှိမယ့် အမြတ်ငွေတွေကိုပါ ပေးလျော်ဖို့ တောင်းဆိုထားပါတယ်။

ဒီအမှုတွဲကို တက္ကဆက်မြောက်ပိုင်းခရိုင် အမေရိကန်ခရိုင်တရားရုံးမှာ 7-Eleven Inc v Nike Inc ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပြီး အမှုတွဲနံပါတ်ကတော့ 3:26-cv-02201-X ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးမည်

မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို တရုတ်နိုင် ငံ၊ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အပြည့်အဝထောက်ပံ့မည့်အစီအစဉ်ဖြင့် တက္ကသိုလ်တက်ရောက်နိုင်ရန် အ လုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးအပ်မည်ဖြစ် ကြောင်း သိရသည်။ လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသ မားများအနေဖြင့် G-12 အောင်မြင်ကြောင်း လက်မှတ်/အထောက်အထားရှိရမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအား ကစားကလပ်တစ်ခုခုတွင် လက်ရှိ ပါဝင်ကစားနေသူ ဖြစ်ရမည်ဖြစ်ကာ ပိုက်ကျော်ခြင်းအားကစားကို ကျွမ်း ကျင်စွာကစားနိုင်သူဖြစ်ရမည်ကြောင်း သိရသည်။ ပညာသင်ဆုရရှိသူများအား တရုတ်နိုင်ငံတွင် ပညာ သင်ကြားနိုင်ရန် တရုတ်ဘာသာစကားကို အဓိကထား ၍ အခြေခံမှစပြီးစနစ်တကျသင်ကြားပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသည့်အခြားဘာသာရပ်များကိုလည်း စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုရရှိသူများအား ဘွဲ့ရသည်အထိ ကျောင်းလခနှင့် အဆောင်လခများကိုအပြည့်အဝထောက်ပံ့ပေးခြင်း၊...

ဥက္ကံမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ် နေအိမ်(၁) လုံးပြိုကျပြီး (၁၁)လုံးအမိုးလန်

ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်၌ ယနေ့ ဇူလိုင် ၄ ရက်ညနေ ၅ နာရီကျော်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာတွင် လေဆင်နှာ မောင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျကာ နေအိမ် (၁၁)လုံးအမိုးလန်မှုပျက်စီးခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase)ဓာတ်ငွေ့ယိုစိမ့်မှုဖြစ် ဓာတ်အားပိတ်၍ အရန်ပစ္စည်းများဖြင့်အစားထိုးလဲ လှယ်မည်

မန္တလေးတိုင်း ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase)ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ ထို့ကြောင့် အရန်ပစ္စည်းများဖြင့်အစားထိုးလဲလှယ်ရန် ယင်း ခွဲရုံရှိ ၃၃ ကေဗွီ Main Bus အား မနက်ဖြန် ဇူလိုင် ၅ ရက်မွန်းလွဲ ၃ နာရီမှညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း လုပ်ငန်းဆောင်ရွက်နေစဥ်၌ မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့် ကူမဲမြို့တို့ရှိ ရပ် ကွက်နှင့်ကျေးရွာများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071