Saturday, July 4, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏...

လာအို-မြန်မာ ချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်...

ဗီယင်ကျန်း၊ ဇူလိုင် ၄ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို့၌...

နေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် နည်းပညာအဆိုပြုလွှာများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် တင်ဒါနည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင်...

YRYEA ၏ NextGen Career...

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region...
HomeNewsLocal Newsလာအိုရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု SME...

လာအိုရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လေ့လာကြည့်ရှု

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ Phontong Handicrafts Cooperation နှင့် CAMA Crafts သို့ သွားရောက်၍ လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

Phontong Handicrafts Cooperation ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာအိုရိုးရာပိုးမွေးမြူရေး၊ ပိုးချည်ထုတ်လုပ်မှု၊ သဘာဝဆိုးဆေးအသုံးပြုမှုနှင့် လက်ယက်ကန်းပညာတို့ကို ထိန်းသိမ်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လာအိုနိုင်ငံရှိ ကျေးရွာ (၃၅) ရွာမှ လက်မှုပညာရှင် (၄၅၀) ကျော် ပါဝင်သည့် ကွန်ရက်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

ထို့ပြင် CAMA Crafts သည် ကျေးလက်လက်မှုပညာရှင်များ၏ ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ပေးကာ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးမြှင့်ရေးနှင့် ရိုးရာလက်မှုပညာများ ရေရှည်ထိန်းသိမ်းနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများတွင် ထုတ်လုပ်သည့် ပိုးထည်များ၊ လက်ယက်အထည်များ၊ Batik လက်ရာများ၊ အိတ်များနှင့် အိမ်အလှဆင်လက်မှုပစ္စည်းများကို အများအားဖြင့် သဘာဝဆိုးဆေးများအသုံးပြု၍ လက်ဖြင့် ဖန်တီးထုတ်လုပ်လျက်ရှိပြီး ရိုးရာအမွေအနှစ်များကို ခေတ်မီဒီဇိုင်းများနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် လက်မှုပညာရှင်များ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရိုးရာပိုးထည်ယက်လုပ်မှုနှင့် ပြသထားသည့် လက်မှုပစ္စည်းအမျိုးမျိုးကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး Phontong Handicrafts Cooperation နှင့် CAMA Crafts တို့၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို့ သွားရောက်လေ့လာ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့သည်။ Patuxai သို့ ရောက်ရှိရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အဆောက်အအုံ၏ သမိုင်းနောက်ခံ၊ တည်ဆောက်ပုံဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး အဆောက်အအုံအတွင်းရှိ အနုပညာလက်ရာများကို လေ့လာကြည့်ရှုခဲ့သည်။ Patuxai (Victory Gate) သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေးအတွက်...

လာအို-မြန်မာ ချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဆွေးနွေး

ဗီယင်ကျန်း၊ ဇူလိုင် ၄ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်း...

နေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် နည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် တင်ဒါနည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ကော်မတီဝင် ဦးကျော်ကျော်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးတင်အောင်ငွေနှင့် တင်ဒါကော်မတီအဖွဲ့ဝင် ဌာနမှူးများ၊ တင်ဒါအဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တင်ဒါကော်မတီအတွင်းရေးမှူးက တင်ဒါလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071