Saturday, July 4, 2026

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း...

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ မြန်မာသံရုံး၊...

လာအိုနိုင်ငံတွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ...

Air Max ဖိနပ်မှာ 7-Elevenရဲ့...

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏...
HomeNewsLocal Newsနေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက်...

နေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် နည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် တင်ဒါနည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကော်မတီဝင် ဦးကျော်ကျော်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးတင်အောင်ငွေနှင့် တင်ဒါကော်မတီအဖွဲ့ဝင် ဌာနမှူးများ၊ တင်ဒါအဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တင်ဒါကော်မတီအတွင်းရေးမှူးက တင်ဒါလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တင်ဒါအဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီများက နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် ကုမ္ပဏီများမှ တင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးကာ မှတ်တမ်းတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း အရောင်းအဝယ်ဈေးကွက် ဆက်လက်အေးစက်နေ

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စိုးရိမ်စိတ်များ ဆက်လက်ကျန်ရှိနေသဖြင့် ဝယ်ယူလိုသူများသည် အထပ်မြင့်တိုက်ခန်းများ ဝယ်ယူရာတွင် သတိထားနေကြပြီး ဈေးကွက်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်လိုအပ်နေသေးကြောင်း သိရသည်။ “ငလျင်ဖြစ်ပြီး တစ်နှစ်ကျော်လာပေမယ့် လူတွေရဲ့စိုးရိမ်စိတ်က မလျော့သေးပါဘူး။ အထပ်မြင့်တိုက်ခန်းတွေက ပြင်ပထိခိုက်မှု မများပေမယ့် အဆောက်အအုံအတွင်းပိုင်း ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဝယ်ယူသူတွေက သတိထားနေကြတယ်။ လက်ရှိမှာတော့ အရောင်းထက် အငှားဈေးကွက်က ပိုမိုလှုပ်ရှားနေပါတယ်” ဟု...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် ပညာသင်တပ်မတော်အရာရှိများအား တွေ့ဆုံအားပေး

လာအိုနိုင်ငံတွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်အရာရှိများအား သီးသန့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ ပညာသင်တပ်မတော်အရာရှိများအား တွေ့ဆုံနှုတ်ဆက်ကာ ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် ပညာသင်ကြားရေးဆိုင်ရာ အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့သည်။

Air Max ဖိနပ်မှာ 7-Elevenရဲ့ အမှတ်တံဆိပ်အရောင်တွေ သုံးထားတယ်ဆိုပြီး 7-Eleven က Nike ကို တရားစွဲဆို

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင် ဖြန့်ချိတော့မယ့် Air Max 95 ဖိနပ်အမျိုးအစားမှာ 7-Eleven စတိုးဆိုင်တွေရဲ့ လူသိများတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်နဲ့ အနီရောင် ကာလာဒီဇိုင်းနဲ့ တစ်ထပ်တည်းကျလုနီးပါး တူညီတဲ့ အရောင်တွေကို အသုံးပြုထားတာကြောင့်လို့ စွပ်စွဲထားတာပါ။ ဒါးလပ်စ် (Dallas) မြို့က ဖက်ဒရယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ဒီအမှုဟာ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071