Thursday, July 2, 2026

လေထုညစ်ညမ်းမှုကို လျှော့ချရန် နယူးဒေလီမြို့တွင် ကားအဟောင်းများအား...

အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသည် လေထုညစ်ညမ်းမှု မြင့်မားနေခြင်းကို လျှော့ချရန် ရည်ရွယ်၍ တနင်္လာနေ့က အတည်ပြုခဲ့သော မူဝါဒအသစ်အရ ၎င်းတို့၏ ကားအဟောင်းများကို လျှပ်စစ်ကား...

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့် ရဟန်းတော်များ...

ဒီနေ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၊ ဘန်နာဆီနွမ်ရွာမှာ ဘုရားဖူးခရီးစဉ်နဲ့ လမ်းလျှောက်ကြွချီလာတဲ့ ရဟန်းတော်များအဖွဲ့ကို အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်...

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂ ရက်တွင် ဘယ်လာရုစ်သမ္မတနှင့် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ...

လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေး အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ...

မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေးအတွက် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၂...
HomeMoviesMAEX က ၂၀၂၅-၂၀၂၆...

MAEX က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် အမြတ်ဝေစုကျပ် ၂၀၀ ခွဲဝေပေးရန် ဆုံးဖြတ်

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် သာမန်အစုရှယ်ယာတစ်စုလျှင် ကျပ် ၂၀၀ နှုန်းဖြင့် အမြတ်ဝေစုခွဲဝေပေးရန် အဆိုပြုဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးအခြေအနေများအပေါ် အခြေခံကာ ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြတ်ဝေစုအဆိုပြုချက်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် အွန်လိုင်းဖြင့် ကျင်းပမည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) ၌ အစုရှယ်ယာရှင်များထံ တင်ပြအတည်ပြုသွားမည်ဖြစ်သည်။

အမြတ်ဝေစုခံစားခွင့်ရှိမည့် အစုရှယ်ယာရှင်များကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့အထိ အရောင်းအဝယ်ပြုလုပ်ထားသည့် အစုရှယ်ယာများအပေါ် အခြေခံ၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ (YSX Record Date) တွင် မှတ်တမ်းတင်ထားသော အစုရှယ်ယာရှင်စာရင်းအရ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အမြတ်ဝေစု စတင်ခွဲဝေပေးမည့်ရက်ကို နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပပြီးနောက် ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း MAEX က အသိပေးထားသည်။

ပုံစာ-MAEX က စီမံခန့်ခွဲလုပ်ကိုင်နေသည့် တညင်းကုန်းစျေးကို တွေ့ရစဥ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေထုညစ်ညမ်းမှုကို လျှော့ချရန် နယူးဒေလီမြို့တွင် ကားအဟောင်းများအား လျှပ်စစ်ကားများဖြင့် လဲလှယ်ပါက ကားပိုင်ရှင်များအား ဒေါ်လာ ၁,၀၀၀ ထောက်ပံ့မည်

အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသည် လေထုညစ်ညမ်းမှု မြင့်မားနေခြင်းကို လျှော့ချရန် ရည်ရွယ်၍ တနင်္လာနေ့က အတည်ပြုခဲ့သော မူဝါဒအသစ်အရ ၎င်းတို့၏ ကားအဟောင်းများကို လျှပ်စစ်ကား (EV) များဖြင့် လဲလှယ်လိုသော ကားပိုင်ရှင်များအား အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်တန်ဖိုးရှိ ငွေကြေးထောက်ပံ့မှု ပေးအပ်သွားမည်ဖြစ်သည်။ နယူးဒေလီသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးမြို့များထဲမှ တစ်ခုဖြစ်ပြီး ဆောင်းရာသီတွင် လေထုအရည်အသွေးမှာ ပိုမိုဆိုးရွားလေ့ရှိသည်။ ထိုအချိန်တွင် လေထုငြိမ်သက်နေခြင်းကြောင့် အိမ်နီးချင်းပြည်နယ်များမှ သီးနှံရိုးပြတ် မီးရှို့မှုများ၊ ယာဉ်အိတ်ဇောများမှ ထွက်သော မီးခိုးငွေ့များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖုန်မှုန့်များမှာ...

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့် ရဟန်းတော်များ ပျံလွန်တော်မူ

ဒီနေ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၊ ဘန်နာဆီနွမ်ရွာမှာ ဘုရားဖူးခရီးစဉ်နဲ့ လမ်းလျှောက်ကြွချီလာတဲ့ ရဟန်းတော်များအဖွဲ့ကို အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် ရဟန်းတော် (၈) ပါး ပျံလွန်တော်မူပြီး ရဟန်းတော် ဆယ်ပါးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ မိခင်က မုခ်ဒါဟာန်ရဲစခန်းမှာ ထွက်ဆိုခဲ့ရာမှာတော့ သူမအနေနဲ့ သားဖြစ်သူ ကားကိုယူသွားတာကို မသိလိုက်ပဲ၊ သိလိုက်ရတဲ့အချိန်မှာတင် ချက်ချင်းပဲ ထိုင်းနိုင်ငံရဲ့ (၁၉၁) အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ပြီး ကားကိုတားဆီးပေးဖို့...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် စတင်ထွက်ခွာ

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂ ရက်တွင် ဘယ်လာရုစ်သမ္မတနှင့် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးမှု (One-on-One Meeting) ကိုလည်း ပြုလုပ်ကာ ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် သက်ဆိုင်သည့် အရေးပါသောကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ် ကာလအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071