Friday, July 3, 2026

လာအိုနိုင်ငံသမ္မတက နိုင်ငံတကာနှင့် အာဆီယံမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ...

လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

မြန်မာ-လာအို သမ္မတနှစ်ဦးရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်ရေး MoU...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌...

မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နိုင်ငံတော်သမ္မတ...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင်...

ရှေးဟောင်းအနုပညာကို ခေတ်သစ်စီးပွားရေးအဖြစ် အသက်သွင်းထားသည့် လာအိုတို့၏...

နိုင်ငံတော်သမ္မတ၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတကတော် ဒေါ်ကြူကြူလှသည် လာအိုနိုင်ငံသမ္မတကတော်၏ လှိုက်လှဲပျူငှာစွာ ဖိတ်ကြားလမ်းညွှန်မှုဖြင့် ဗီယန်ကျင်းမြို့ရှိ လာအိုတို့၏ ရှေးဟောင်းရိုးရာယဉ်ကျေးမှုနှင့် အဆင့်မြင့်လက်မှုအနုပညာကို အမိအရထိန်းသိမ်းထားသည့်...
HomeNewsLocal Newsကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင်...

ကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင် တင်ပြ၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၌ ရန်ပုံငွေတောင်းခံ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ တောင်သူများ၏ စိုက်ပျိုးရေအတွက် အဓိကအားထားနေရသော ကံကြီးဝရေလွှဲဆည်ကို အမြန်ဆုံး အကြီးစားပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုလတ်က တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် မေးမြန်းတင်ပြခဲ့ကြောင်း သိရသည်။

ကံကြီးဝရေလွှဲဆည်သည် တမူးမြို့ရှိ အကျိုးပြုစိုက်ဧရိယာ ၈၃၅ ဒသမ ၂၄ ဧကအတွက် အဓိကရေပေးဝေသည့် ဆည်ဖြစ်ပြီး တမူးမြို့ရှိ အိမ်ထောင်စု ၁၃,၀၀၀ နီးပါးနှင့် လူဦးရေ ၆၃,၀၀၀ ကျော်အနက် အများစုမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြသည့် တောင်သူများဖြစ်ကြောင်း ကိုယ်စားလှယ်က ပြောကြားသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကျိုးပေါက်ပျက်စီးခဲ့ပြီး စိုက်ပျိုးရေပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တောင်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငွေကျပ် ၄၅၇ သိန်းခန့် အသုံးပြုကာ ဆည်ပေါင်တင်ခြင်း၊ ကျောက်ချခြင်း၊ ရေမြောင်းလိုက်ခြင်းနှင့် ရေကာတာပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် မိုးရာသီတွင် တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ဆည်ထပ်မံပျက်စီးခဲ့ကာ စပါးအထွက်နှုန်းများ သိသိသာသာ ကျဆင်းခဲ့ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ယင်းမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြန်လည်ဖြေကြားရာတွင် ကံကြီးဝရေလွှဲဆည် ပြုပြင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် သင့်လျော်သည့် ရန်ပုံငွေအရင်းအမြစ်များထံ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကံကြီးဝရေလွှဲဆည်သည် တမူးမြို့၊ မြို့မရပ်ကွက်ရှိ မဟူရာချောင်း (ပါဟဲချောင်း) ပေါ်တွင် ၂၀၁၆ ခုနှစ်၌ တည်ဆောက်ခဲ့သည့် အကျယ် ၂၈၀ ပေ၊ အမြင့် ၆ ပေရှိ ကျောက်စီကွန်ကရစ်ရေလွှဲဆည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မိုးရာသီတွင် တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ဆည်အထက်ပိုင်း၌ သဲနုန်းများ ပို့ချလာပြီး ရေတိုက်စားမှုများကြောင့် ရေလျှံထိန်းတာပေါင် ပေ ၁,၀၀၀ ခန့်နှင့် ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန်၏ အောက်ခံကြမ်းခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံသမ္မတက နိုင်ငံတကာနှင့် အာဆီယံမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးမည်ဟု ပြောကြား၊ မြန်မာ-လာအို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူ

လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံသမ္မတများသည် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နိုင်ငံ့ခေါင်းဆောင်များအဆက်ဆက် တည်ဆောက်လာခဲ့သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်းနှင့်...

မြန်မာ-လာအို သမ္မတနှစ်ဦးရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်ရေး MoU များ လဲလှယ်၊ အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လည်း လက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် လာအိုနိုင်ငံအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City)...

မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ တွေ့ဆုံဆွေးနွေး

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ နှစ်နိုင်ငံသမ္မတများသည် မြန်မာ-လာအို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071