Friday, July 3, 2026

မြန်မာ-လာအို သမ္မတနှစ်ဦးရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်ရေး MoU...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌...

ရှေးဟောင်းအနုပညာကို ခေတ်သစ်စီးပွားရေးအဖြစ် အသက်သွင်းထားသည့် လာအိုတို့၏...

နိုင်ငံတော်သမ္မတ၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတကတော် ဒေါ်ကြူကြူလှသည် လာအိုနိုင်ငံသမ္မတကတော်၏ လှိုက်လှဲပျူငှာစွာ ဖိတ်ကြားလမ်းညွှန်မှုဖြင့် ဗီယန်ကျင်းမြို့ရှိ လာအိုတို့၏ ရှေးဟောင်းရိုးရာယဉ်ကျေးမှုနှင့် အဆင့်မြင့်လက်မှုအနုပညာကို အမိအရထိန်းသိမ်းထားသည့်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လာအိုနိုင်ငံရှိ...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လာအိုနိုင်ငံ၌...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား...
HomeNewsLocal Newsမြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ တွေ့ဆုံဆွေးနွေး

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

နှစ်နိုင်ငံသမ္မတများသည် မြန်မာ-လာအို နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို သမ္မတနှစ်ဦးရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်ရေး MoU များ လဲလှယ်၊ အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လည်း လက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် လာအိုနိုင်ငံအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City)...

ရှေးဟောင်းအနုပညာကို ခေတ်သစ်စီးပွားရေးအဖြစ် အသက်သွင်းထားသည့် လာအိုတို့၏ ပြယုဂ် “ပိုးထည်ဗိမာန်” သို့ သမ္မတကတော် ဒေါ်ကြူကြူလှ သွားရောက်လေ့လာကြည့်ရှု

နိုင်ငံတော်သမ္မတ၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတကတော် ဒေါ်ကြူကြူလှသည် လာအိုနိုင်ငံသမ္မတကတော်၏ လှိုက်လှဲပျူငှာစွာ ဖိတ်ကြားလမ်းညွှန်မှုဖြင့် ဗီယန်ကျင်းမြို့ရှိ လာအိုတို့၏ ရှေးဟောင်းရိုးရာယဉ်ကျေးမှုနှင့် အဆင့်မြင့်လက်မှုအနုပညာကို အမိအရထိန်းသိမ်းထားသည့် "လာအိုရိုးရာ ပိုးထည်ဗိမာန်" သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါ ပိုးထည်ဗိမာန်သည် သာမန်ပိုးထည်အရောင်းဆိုင်ရုံမျှမကဘဲ လာအိုနိုင်ငံ၏ ပိုးထည်သမိုင်းကြောင်းနှင့် အနုပညာမြောက် ပိုးယက်လုပ်မှု အဆင့်ဆင့်ကို လက်တွေ့ပြသပေးထားသည့် အသက်ဝင်သော ပြတိုက်ကြီးတစ်ခု ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များနှင့် နိုင်ငံတကာမီဒီယာများအကြား အထူးပင် ထင်ရှားကျော်ကြားလှသည်။ ခရီးစဉ်အတွင်း လာအိုသမ္မတကတော်ကိုယ်တိုင် မြန်မာသမ္မတကတော် ဒေါ်ကြူကြူလှအား ပိုးထည်ဗိမာန်အတွင်းရှိ ထူးခြားဆန်းပြားမှုများကို လိုက်လံပြသခဲ့သည်။ သမိုင်းဝင်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လာအိုနိုင်ငံရှိ အညတရသူရဲကောင်းစစ်သည်များ၏ အထိမ်းအမှတ်ဗိမာန်တွင် ဂုဏ်ပြုပန်းခွေချ အလေးပြု

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ အညတရသူရဲကောင်းစစ်သည်များ၏ အထိမ်းအမှတ်ဗိမာန် (Unknown Soldiers Monument) သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချ အလေးပြုခဲ့ကြသည်။ အဆိုပါ အထိမ်းအမှတ်ဗိမာန်သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသည့် အညတရသူရဲကောင်းစစ်သည်များအား ဂုဏ်ပြုအမှတ်တရ တည်ဆောက်ထားသည့် အမျိုးသားအထိမ်းအမှတ်နေရာဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071