Wednesday, July 1, 2026

၂၀၂၆ ခုနှစ် ပထမ (၅)...

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ...

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့်...

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ ပထမရရှိခဲ့သည့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း...
HomeMoviesFDA စိစစ်တွေ့ရှိသည့် Albutein...

FDA စိစစ်တွေ့ရှိသည့် Albutein ဆေးဝါးအတု ဈေးကွက်အတွင်း ပျံ့နှံ့နေ၍ ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေး

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် အလားသဏ္ဌာန်တူ ဆေးဝါးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်လိုက်သည်။

FDA သည် အရည်အသွေးပြည့်ဝ၍ အာနိသင်ထက်မြက်ကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများကို ပြည်သူများ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဆေးဝါးအတု ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိစစ်တွေ့ရှိရသည့် ဆေးဝါးမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion [Albumin (Human) USP 20g/100mL]ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန် ဆင်တူသော်လည်း IP Specificationဟု ဖော်ပြထားသည့် Albutein 20% Solution for IV Infusionဆေးဝါးအတုဖြစ်ကြောင်း FDA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် IP Specification ဖော်ပြထားသော Albutein 20% Solution for IV Infusion ဆေးဝါးအတုကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Registration Number) ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူအသုံးပြုကြရန် FDA က တိုက်တွန်းထားသည်။

Albutein 20% Solution for IV Infusion သည် လူ့သွေးပလာစမာ (Blood Plasma) အတွင်းရှိ Albumin ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သွေးကြောသွင်းဆေးရည် (Intravenous Infusion) အမျိုးအစားဖြစ်ပြီး အရေးပေါ်နှင့် ပြင်းထန်သော ရောဂါအခြေအနေများတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်သာ သွေးပြန်ကြောမှတစ်ဆင့် သွင်းပေးရသည့် ဆေးဝါးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Vientiane Mai သတင်းစာက ဖော်ပြခဲ့သည်။ လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်နှင့် ပို့ကုန်ဦးတည်သည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဓိကတင်ပို့သည့် သီးနှံထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီ...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed bin Mohammed Al-Ansari) က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။ "တင်းမာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထိန်းချုပ်ရာမှာလည်း ဒီလမ်းကြောင်းကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းဟာ အခုဆိုရင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ ပတ်သက်တဲ့...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ ဆောက်အအုံများကို အမြန်ဆုံးပြန်လည်တည်ဆောက်မည်

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ နေအိမ်များ၏ပျက်စီးမှုစာရင်းကို ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးမှုစာရင်းကောက်ယူရေးဆပ်ကော်မတီဝင်များမှလိုက်လံကောက် ယူခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071