Wednesday, July 1, 2026

၂၀၂၆ ခုနှစ် ပထမ (၅)...

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ...

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့်...

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ ပထမရရှိခဲ့သည့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း...
HomeMoviesတွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄...

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ၃၄၄၆ ဉီး ပညာသင်ကြားနေ

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇွန်လ ၂၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး (၁)ဦး၊ သင်ကြားရေး ဆရာ/မ(၃၀)ဦးနှင့် ပညာရေးဝန်ထမ်း (၅)ဦး၊ စုစုပေါင်းဝန်ထမ်း (၃၆)ဦးဖြင့် သင်ကြား ရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား/သူ (၂၆၁)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက် မြို့မိမြို့ဖများမှ လုပ်အားပေး ဆောင်ရွက်နေမှုများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ပြီး ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဉီးမျိုးမြင့်က တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်ရေးမှာ အဓိက အရေးကြီးကြောင်း၊ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းကြိးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Vientiane Mai သတင်းစာက ဖော်ပြခဲ့သည်။ လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်နှင့် ပို့ကုန်ဦးတည်သည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဓိကတင်ပို့သည့် သီးနှံထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီ...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed bin Mohammed Al-Ansari) က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။ "တင်းမာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထိန်းချုပ်ရာမှာလည်း ဒီလမ်းကြောင်းကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းဟာ အခုဆိုရင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ ပတ်သက်တဲ့...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ ဆောက်အအုံများကို အမြန်ဆုံးပြန်လည်တည်ဆောက်မည်

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ နေအိမ်များ၏ပျက်စီးမှုစာရင်းကို ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးမှုစာရင်းကောက်ယူရေးဆပ်ကော်မတီဝင်များမှလိုက်လံကောက် ယူခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071