Monday, June 29, 2026

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို...

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅)...

အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ (၅)...

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်မှုကို (၅) နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏...

ငလျင်အပျ-က်အစီးများအောက် လေးရက်ကြာပိတ်မိနေသည့် သားအဖနှစ်ဦးကို အသက်ရှင်လျက်...

ပြင်းထန်သော ငလျင်နှစ်ခုလှုပ်ခတ်ပြီး လေးရက်အကြာဖြစ်သည့် တနင်္ဂနွေနေ့တွင် ပြိုကျနေသော အဆောက်အအုံတစ်ခု၏ အပျ-က်အစီးများအောက် ပိတ်မိနေသည့် ဖခင်နှင့် ၎င်း၏သားဖြစ်သူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကယ်ဆယ်ရေးအောင်မြင်မှုသည်...

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် Quick Win...

AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချရန် အလေးပေး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
HomeNewsLocal NewsKSL FC အသင်း...

KSL FC အသင်း Fire Dragon Futsal Amateur Cup 2026 ချန်ပီယံဆု ဆွတ်ခူး

ဗိုလ်လုပွဲတွင် Cherry Army FC ကို (၄-၂) ဂိုးဖြင့် အနိုင်ရ

Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် KSL FC အသင်းက Cherry Army FC အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲကို ဇွန် ၂၈ ရက်က MFF Futsal Stadium ၌ ကျင်းပခဲ့ပြီး ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် EABC Distribution Co., Ltd. မှ National Event & Activation Manager ဦးမျိုးမင်းလတ်က ပြိုင်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် ဒိုင်လူကြီးများအား အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲ၏ Fair Play (အသန့်ရှင်းဆုံးအသင်း) ဆုကို Seven FC အသင်းက ရရှိခဲ့ပြီး အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်ခံခဲ့ရသည်။

တစ်ဦးချင်းဆုများတွင် KSL FC အသင်းမှ ဇော်ရဲထက်က အကောင်းဆုံးဂိုးသမားဆုနှင့် ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့ပြီး၊ အသင်းဖော် အောင်ကိုမင်းက အကောင်းဆုံးကစားသမားဆုနှင့် ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့သည်။

အသင်းလိုက်ဆုများတွင် DAE FC အသင်းက တတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၃၀၊ Cherry Army FC အသင်းက ဒုတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၅၀ ရရှိခဲ့သည်။

ချန်ပီယံ KSL FC အသင်းသည် ချန်ပီယံဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ဆုကြေးငွေ ကျပ် သိန်း ၇၀ ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်အဆို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်...

အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ (၅) နှစ်ဆက်တိုက် ရာနှုန်းပြည့်အောင်မြင်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်မှုကို (၅) နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံတစ်ဝန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့ပြီး အကျဉ်းဦးစီးဌာနလက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဖြေဆိုသူ အကျဉ်းသား ၃၆ ဦးစလုံး အောင်မြင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား...

ငလျင်အပျ-က်အစီးများအောက် လေးရက်ကြာပိတ်မိနေသည့် သားအဖနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

ပြင်းထန်သော ငလျင်နှစ်ခုလှုပ်ခတ်ပြီး လေးရက်အကြာဖြစ်သည့် တနင်္ဂနွေနေ့တွင် ပြိုကျနေသော အဆောက်အအုံတစ်ခု၏ အပျ-က်အစီးများအောက် ပိတ်မိနေသည့် ဖခင်နှင့် ၎င်း၏သားဖြစ်သူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကယ်ဆယ်ရေးအောင်မြင်မှုသည် အသက်ရှင်ကျန်ရစ်သူများကို အချိန်လုရှာဖွေနေသည့် ပြင်သစ်နှင့် အမေရိကန် ကယ်ဆယ်ရေးအဖွဲ့များအတွက် မျှော်လင့်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။ ကမ်းရိုးတန်းဒေသဖြစ်သည့် လာဂွိုင်ရာပြည်နယ်တွင် ကယ်ဆယ်ရေးသမားများက အားနည်းနေသည့် သားအဖနှစ်ဦးကို ထမ်းစင်များဖြင့် သယ်ဆောင်ကာ အပျက်အစီးများကြားမှ လူနာတင်ယာဉ်များသို့ ပို့ဆောင်ခဲ့ကြသည်။ အဆိုပါဒေသသည် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး လူ ၁,၄၅၀ ထက်မနည်း ‌ေ-သဆုံးကာ ထောင်နှင့်ချီသော လူများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071