Home News Local News အာရှ-ပစိဖိတ်ဒေသ ထိပ်တန်းတက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အာရှ-ပစိဖိတ်ဒေသ ထိပ်တန်းတက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

0
89

အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေး၊ သုတေသနနှင့် နည်းပညာကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (တတိယနေ့) သို့ ဆက်လက်တက်ရောက်ခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံကာ ပညာရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်လဲလှယ်ရေးအစီအစဉ်များ (Exchange Programmes) အကောင်အထည်ဖော်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပူးတွဲသုတေသနလုပ်ငန်းများ (Joint Research) တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ တည်ဆောက်ရေးနှင့် အနာဂတ်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်ရေးကိစ္စရပ်များကိုလည်း အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here