နေရပ်ပြန်ပို့ဆောင်မည့်စာရင်းကို သံရုံးက အသိပေးထုတ်ပြန်ပေးမည်
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေး စခန်း ၁၅ ခုတို့တွင် ထိန်းသိမ်းထားရသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသားမှန်ကန်မှု ရှိမရှိ စိစစ်ရာတွင် ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထား ဆန္ဒအရ တင်ပြလျှောက်ထားလာသည့် နေရပ်ပြန်လိုသူများကိုသာ သက်ဆိုင်ရာဝန်ကြီးဌာ နနှင့် ပူးပေါင်း၍ စိစစ်ပြီး ပြန်လည်ပို့ဆောင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
စခန်းအလိုက် ပမဏာအဆင့် နိုင်ငံသားစိစစ်နိုင်သူစာရင်း နှင့် စခန်းအလိုက် နေရပ်ပြန်ပို့ဆောင်မည့်လူစာရင်များကို မြန်မာသံရုံး၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
လက်ရှိ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ရှိ မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များရှိနေသည်ကိုလည်း သိရှိရခြင်းကြောင်း မိသားစုဝင်များအနေဖြင့် သတိထားဆောင်ရွက်ရန်လည်း အသိပေးထားသည်။
