Tuesday, June 23, 2026

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈...

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈...

ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိ...

အမေရိကန်ပြည်ထောင်စုအစိုးရသည် အလိုအလျောက်မောင်းနှင်စနစ်သုံး Ocean Aero Tritan ရေအောက်နှင့် ရေပေါ်ယာဉ် လေးစီးကို ဖိလစ်ပိုင်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိသော...

အချိန်ကုန်မယ့်နေ့

လူသားတွေဟာ မျိုးဆက်ပေါင်းများစွာတစ်လျှောက် အချိန်ဆိုတာ စကြာဝဠာကြီးထဲမှာ မရပ်မနား တရွေ့ရွေ့ရှေ့ဆက်သွားနေတဲ့ အကြွင်းမဲ့အမှန်တရားတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ သို့သော်လည်း ဘရာဇီးနိုင်ငံ အီတာဂျူဘာ ဖက်ဒရယ်တက္ကသိုလ်(Federal University of...
HomeNewsLocal Newsရန်ကုန်စည်ပင်နယ်နိမိတ်၏ ကားရပ်နားနေရာများ၌ချထားသည့်အတားအဆီးများအား စည်ပင်ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်ရှိ/မရှိအပါအဝင်...

ရန်ကုန်စည်ပင်နယ်နိမိတ်၏ ကားရပ်နားနေရာများ၌ချထားသည့်အတားအဆီးများအား စည်ပင်ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်ရှိ/မရှိအပါအဝင် ကြယ်ပွင့်ပြမေးခွန်းများကို ရန်ကုန်တိုင်းလွှတ်တော်တွင်မေးမြန်း

ရန်ကုန်စည်ပင်နယ်နိမိတ်၏ ကားရပ်နားနေရာများ၌ချ ထားသည့်အတားအဆီးများအား စည်ပင်ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်ရှိ/မရှိအပါအဝင် ကြယ်ပွင့်ပြမေးခွန်းများကို ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမ)နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြသည်။

လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဦးစံကျော်က” ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အမည်တပ်လမ်းမကြီးများ၊ နံပါတ်တပ်လမ်းများပေါ်၌ ကားများရပ်နားနိုင်သည့်နေရာများတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်ချထားသည့် အတားအဆီးများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈)နှင့်အညီဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းဆွေးနွေးခဲ့သည်။

၎င်း၏ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းဆွေးနွေးမှုအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့ပြင် ထန်းတပင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဦးတိုင်းရ၊ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၁)ဦးသိန်းနိုင်၊ တွံတေးမြို့နယ် ကိုယ်စားလှယ်အမှတ် (၁)ဦးနေဝင်း၊ သုံးခွမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေး၊ ကျောက်တန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂)ဦးမျိုးမြင့်၊ ရွှေပြည်သာမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဦးအောင်ဝင်းထူးတို့ကလည်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။     ဘရစ်အဖွဲ့၏ ဥက္ကဌနိုင်ငံဖြစ်သော အိန္ဒိယသည် တနင်္လာနှင့် အင်္ဂါနေ့များ၌ နူးဒေလီတွင် ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ၏ အစည်းအဝေးကို လက်ခံကျင်းပနေသည်။       ဒိုဗယ်လ်နှင့် ဝမ်တို့အကြား ဆွေးနွေးမှုများကို အပြုသဘောဆောင်ပြီး အနာဂတ်ကိုမျှော်ကြည့်ခြင်းအဖြစ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။       နှစ်နိုင်ငံဆက်ဆံရေးတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည့် တိုးတက်မှုအပေါ် မှတ်ချက်ပြုခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။       အိမ်နီးချင်းနှစ်နိုင်ငံကြား...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈ ဦး ‌ေ-သဆုံး

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်။        ပြင်သစ်နိုင်ငံတွင် ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် အချိန်ဇယားပြောင်းလဲခြင်းများ လုပ်ခဲ့ရပြီး ယခုသီတင်းပတ်သည် ဇွန်လအတွက် စံချိန်တင် အပူချိန်များဖြစ်ပေါ်နိုင်ကြောင်း ဗြိတိန်နိုင်ငံမှ မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့သည်။     ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဘော်ဒိုးမြို့တွင် အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လက အပူစံချိန်ကို ချိုးဖျက်ခဲ့သည်။ နိုင်ငံအလယ်ပိုင်း ပွိုင်တီးယားစ်မြို့တွင်မူ ၁၉၄၇...

ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိ ရေယာဉ်များကို ယူအက်စ်က ဖိလစ်ပိုင်ကို ပေးအပ်

အမေရိကန်ပြည်ထောင်စုအစိုးရသည် အလိုအလျောက်မောင်းနှင်စနစ်သုံး Ocean Aero Tritan ရေအောက်နှင့် ရေပေါ်ယာဉ် လေးစီးကို ဖိလစ်ပိုင်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။         ယခုကဲ့သို့ ပေးပို့မှုသည် မဟာမိတ်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ပြသခဲ့ခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖိလစ်ပိုင်နိုင်ငံ၏ ထောက်လှမ်း တုန့်ပြန်နိုင်စွမ်းကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် သံရုံးက ပြောကြားထားသည်။        ထို့အပြင် ပေးပို့မှုသည် ရင်းနှီးမြှုပ်နှံမှုများ၊ လေ့ကျင့်သင်ကြား‌ပေးခြင်းနှင့် ဘုံစံနှုန်းများသည် ကျူးကျော်မှုကို တားဆီးပြီး ဒေသတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071