Tuesday, June 23, 2026

ရှမ်းယူနိုက်တက်နှင့် ကမ္ဘာကျော်မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE...

မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။ အဆိုပါ ပူးပေါင်းမှုကို...

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလော၌ ဖလမ်းမြို့တွင်...

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီဇယ်များကို...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ "ဇေယျာမင်း" စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ "TOP"...

ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဧရာဝတီတိုင်းလွှတ်တော်အတည်ပြု

ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေ ကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဇွန် ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ဦးကျော်ဝင်းနိုင် လေးမျက်နှာ(၁)က...
HomeNewsLocal Newsမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း...

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုး ဖွင့်လှစ်မည်

မသန်စွမ်းသူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကာ ဘဝအမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုးကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ထံမှ သိရသည်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) သည် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်းတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်၍ သင်တန်းအသစ်များ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့် သင်တန်းများမှာ IT Training သင်တန်း (သင်တန်းကာလ ၄ လ)၊ Language Training သင်တန်း (အင်္ဂလိပ်၊ ကိုရီးယားနှင့် ဂျပန်ဘာသာစကား) (သင်တန်းကာလ ၄ လ)၊ Finance & Accounting Training သင်တန်း (LCCI Level 1၊ LCCI Level 2 နှင့် Accounting Excel) (သင်တန်းကာလ ၄ လ)၊ Food Preparation and Cooking Class (သင်တန်းကာလ ၃ လ) နှင့် Office Management and Customer Service Training (သင်တန်းကာလ ၃ လ) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ၂၀၂၅ ခုနှစ် ငလျင်ဘေးသင့်ဒေသများမှ မသန်စွမ်းသူများနှင့် မသန်စွမ်းမိသားစုဝင်များ လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် အမြန်ဆုံး လျှောက်ထားကြရန် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်နှင့် ကမ္ဘာကျော်မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE တို့ တရားဝင်ပူးပေါင်း

မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။ အဆိုပါ ပူးပေါင်းမှုကို "Two Worlds, One Goal!" ဟု အမည်ပေးထားပြီး ယခုပူးပေါင်းမှုသည် ကွင်းပြင်ပမှ Esports လှုပ်ရှားမှုများနှင့် ကွင်းအတွင်းမှ ဘောလုံးအားကစား၏ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များကို ပေါင်းစပ်ပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ အတူတကွ ဦးတည် လျှောက်လှမ်းမည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုထားသည်။ ဘောလုံးလောကနှင့်ခေတ်ရေစီးကြောင်းအရ အင်အားကြီးမားလာသည့် Esports လောကတို့ ပူးပေါင်းလိုက်ခြင်းကြောင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလော၌ ဖလမ်းမြို့တွင် စည်ပင်သာယာရေးဈေး‌ပြန်လည်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက် သားငါး‌များကို ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေသည်။ ထို့အတူ ပညာရေးအနေဖြင့် ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ ကျောင်းအပ်နှံမှုမှာ မူလတန်းကျောင်းသား/ သူ (၉၇၉) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၁၂) ဦးစုစုပေါင်း (၁၀၅၁) ဦးရှိကြောင်းသိရသည်။ ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း...

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ "ဇေယျာမင်း" စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ "TOP" စက်သုံးဆီအရောင်းဆိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ "ရထိုက်တန်"စက်သုံးဆီအရောင်းဆိုင်တို့၌ ဇွန် ၂၀ ရက်မှစတင်ကာရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက် ပျိုးနိုင်ရေးအတွက် ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို တစ်ဧကလျင်(၂)ဂါလံနှုန်းဖြင့် တစ်လီတာ(၄,၇၆၉) ကျပ်၊ တစ်ဂါလံ(၂၁,၄၆၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စိုက်ဧက(၄၀၀)ခန့်အတွက် လီတာ(၃,၆၀၀) ကျော်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071