Tuesday, June 23, 2026

ဇူလိုင် ၅ ရက်တွင် ကျင်းပမည့်...

မြန်မာနိုင်ငံဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) သည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် ပထမအကြိမ်...

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈...

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈...

ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိ...

အမေရိကန်ပြည်ထောင်စုအစိုးရသည် အလိုအလျောက်မောင်းနှင်စနစ်သုံး Ocean Aero Tritan ရေအောက်နှင့် ရေပေါ်ယာဉ် လေးစီးကို ဖိလစ်ပိုင်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိသော...
HomeMoviesနှစ်ပေါင်း ၅၀၀ ကျော်...

နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းရှိ စီမိုလာ(ဝ တိုင်းရင်းသားကျေးရွာ)၊ မြန်မာ-တရုတ် ယဉ်ကျေးမှုဆက်နွယ်မှုကို ထင်ဟပ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိန်ချုံးမြို့ရှိ စီမိုလာဝ တိုင်းရင်းသားကျေးရွာ (Simola Wa Ethnic Village) သည် နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိသော ရှေးဟောင်းဝတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ယနေ့အချိန်အထိ မူလတိုင်းရင်းသား ယဉ်ကျေးမှုများကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် ကျေးလက်ခရီးသွားလုပ်ငန်း အောင်မြင်သည့် နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

အဆိုပါကျေးရွာသည် တိန်ချုံးမြို့ စန်ကျားကျေးရွာ (Sanjia Village) ၊ ကျုံးကျိုင်းအုပ်စု (Zhongzhai) တွင် တည်ရှိပြီး တိန်ချုံးမြို့လယ်မှ ၁၃ ကီလိုမီတာခန့်နှင့် တိန်ချုံးလေဆိပ်မှ ၅ ကီလိုမီတာခန့်သာ ကွာဝေးသည်။

“စီမိုလာ” ဟူသောအမည်မှာ ဝဘာသာစကားဖြင့် “ပျော်ရွှင်သောနေရာ” ဟု အဓိပ္ပာယ်ရပြီး ကျေးရွာတစ်ဝိုက်ကို သစ်တောများ၊ ဝါးတောများ၊ လယ်ယာစိုက်ခင်းများ၊ စိုစွတ်မြေများနှင့် သဘာဝစမ်းရေများက ဝန်းရံထားသဖြင့် ဝတောင်တန်းဒေသ၏ သဘာဝအလှနှင့် ရိုးရာယဉ်ကျေးမှုအငွေ့အသက်များကို ထင်ဟပ်ဖော်ပြနေသည်။

စီမိုလာကျေးရွာ၏ ထူးခြားချက်မှာ တရုတ်နိုင်ငံရှိ ဝလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်ခြင်းသာမက မြန်မာနိုင်ငံရှိ ဝလူမျိုးများနှင့်လည်း လူမျိုးနွယ်၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများတွင် ဆက်စပ်မှုများ ရှိနေခြင်းဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ဝတိုင်းရင်းသားများ အတူတကွ နေထိုင်ခဲ့သည့် ရာစုနှစ်များစွာသော သမိုင်းကြောင်းကြောင့် နှစ်နိုင်ငံဝလူမျိုးများ၏ ဂီတ၊ အက၊ ရိုးရာပွဲတော်များနှင့် လူမှုဘဝဓလေ့များတွင် တူညီသည့် ယဉ်ကျေးမှုလက္ခဏာများကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

မကြာသေးမီနှစ်များအတွင်း ဒေသအစိုးရသည် စီမိုလာကျေးရွာကို ဝတိုင်းရင်းသားယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်ခဲ့ပြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်းကို ပေါင်းစပ်အကောင်အထည်ဖော်ခဲ့သည်။

ထို့အပြင် ကျေးရွာလမ်းများ ကတ္တရာခင်းခြင်း၊ သန့်ရှင်းသောသောက်သုံးရေစီမံကိန်းများ ဖော်ဆောင်ခြင်း၊ ကျေးရွာပတ်ဝန်းကျင် အလှပြုပြင်မွမ်းမံခြင်းနှင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာ ဒေသခံများ၏ လူနေမှုဘဝ ပိုမိုကောင်းမွန်လာပြီး ဝင်ငွေတိုးတက်လာကြောင်း သိရသည်။

ယနေ့တွင် စီမိုလာဝါကျေးရွာသည် ယူနန်ပြည်နယ်၏ ထင်ရှားသည့် တိုင်းရင်းသားယဉ်ကျေးမှု ခရီးသွားဒေသတစ်ခုဖြစ်လာပြီး တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ လူမှုဘဝနှင့် သမိုင်းအမွေအနှစ်များကို လေ့လာနိုင်သည့် အရေးပါသော နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇူလိုင် ၅ ရက်တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် ညွှန်ကြားချက်များ MAJA ထုတ်ပြန်

မြန်မာနိုင်ငံဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) သည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် ပထမအကြိမ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) နှင့် ပတ်သက်၍ စာဖြေသူများ မဖြစ်မနေ လိုက်နာရမည့် စာဖြေခန်းရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်များနှင့် ညွှန်ကြားချက်များကို တရားဝင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(online Test Voucher) များကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ စာမေးပွဲကျင်းပမည့် ဇူလိုင်လ ၅...

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။     ဘရစ်အဖွဲ့၏ ဥက္ကဌနိုင်ငံဖြစ်သော အိန္ဒိယသည် တနင်္လာနှင့် အင်္ဂါနေ့များ၌ နူးဒေလီတွင် ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ၏ အစည်းအဝေးကို လက်ခံကျင်းပနေသည်။       ဒိုဗယ်လ်နှင့် ဝမ်တို့အကြား ဆွေးနွေးမှုများကို အပြုသဘောဆောင်ပြီး အနာဂတ်ကိုမျှော်ကြည့်ခြင်းအဖြစ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။       နှစ်နိုင်ငံဆက်ဆံရေးတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည့် တိုးတက်မှုအပေါ် မှတ်ချက်ပြုခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။       အိမ်နီးချင်းနှစ်နိုင်ငံကြား...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈ ဦး ‌ေ-သဆုံး

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်။        ပြင်သစ်နိုင်ငံတွင် ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် အချိန်ဇယားပြောင်းလဲခြင်းများ လုပ်ခဲ့ရပြီး ယခုသီတင်းပတ်သည် ဇွန်လအတွက် စံချိန်တင် အပူချိန်များဖြစ်ပေါ်နိုင်ကြောင်း ဗြိတိန်နိုင်ငံမှ မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့သည်။     ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဘော်ဒိုးမြို့တွင် အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လက အပူစံချိန်ကို ချိုးဖျက်ခဲ့သည်။ နိုင်ငံအလယ်ပိုင်း ပွိုင်တီးယားစ်မြို့တွင်မူ ၁၉၄၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071