Tuesday, June 23, 2026

အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့တာဟာ ဗုံးကြဲတာထက် ပိုထိရောက်တယ်လို့...

အမေရိကန်စစ်တပ်က အီရန်ရဲ့ ပင်လယ်ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့တာဟာ ဗုံးကြဲတိုက်ခိုက်တာထက် ပိုပြီးထိရောက်မှုရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လိုအပ်လာရင် ဒီလိုဗျူဟာမျိုးကို...

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈...

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈...

ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိ...

အမေရိကန်ပြည်ထောင်စုအစိုးရသည် အလိုအလျောက်မောင်းနှင်စနစ်သုံး Ocean Aero Tritan ရေအောက်နှင့် ရေပေါ်ယာဉ် လေးစီးကို ဖိလစ်ပိုင်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိသော...
HomeNewsLocal Newsဇူလိုင် ၅ ရက်တွင်...

ဇူလိုင် ၅ ရက်တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် ညွှန်ကြားချက်များ MAJA ထုတ်ပြန်

မြန်မာနိုင်ငံဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) သည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် ပထမအကြိမ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) နှင့် ပတ်သက်၍ စာဖြေသူများ မဖြစ်မနေ လိုက်နာရမည့် စာဖြေခန်းရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်များနှင့် ညွှန်ကြားချက်များကို တရားဝင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(online Test Voucher) များကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ စာမေးပွဲကျင်းပမည့် ဇူလိုင်လ ၅ ရက်နေ့အထိ စနစ်အတွင်း ထုတ်ယူခွင့်ပြုထားပြီး၊ စာဖြေသူများအနေဖြင့် (Color Print) ထုတ်ယူကာ စာမေးပွဲနေ့တွင် မဖြစ်မနေ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။

ထိုပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(online Test Voucher) များကို ဖုန်းဖြင့်ပြသ၍ ရမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲမှစတင်၍ စာဖြေသူများအားလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် “Check-in Time” အချိန်ကို N1, N2 Level စာဖြေသူများအတွက် မနက် (၈း၀၀) နာရီ မှ မနက် (၈:၄၅) အတွင်း၊N3, N4, N5 Level စာဖြေသူများအတွက် မနက် (၁၀:၀၀) နာရီ မှ မနက် (၁၀:၄၅) အတွင်းဟုသတ်မှတ်ထားကြောင်း သိရပြီး အဆိုပါအချိန်အတွင်းမရောက်ရှိပါက ဝင်ရောက်ဖြေဆိုခွင့်မရှိကြောင်း အသိပေးထားသည်။

စာဖြေဆိုချိန်စတင်ပြီး (၁၀) မိနစ်အတွင်း နောက်ကျ ရောက်ရှိသူများအား (Listening session မပါ) ဝင်ခွင့်ပြုခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်၍ အပိုင်းအားလုံးတွင် ဤစည်းမျဉ်းများကို ဖျ-က်သိမ်းလိုက်ကြောင်း အသိပေးထားပြီး စာဖြေသူများသည် ပထမပိုင်းဖြေဆိုချိန်အတွက် အထက်ဖော်ပြပါ “Check-in Time” အတွင်း မရောက်ရှိပါက စာမေးပွဲခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထားသည်။

ဒုတိယပိုင်းနှင့် နောက်ပိုင်းဖြေဆိုချိန်များတွင် စာဖြေဆိုချိန် ကျော်လွန်ပြီး နောက်ကျလာသူများကို စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုဘဲ စာမေးပွဲ ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထားခြင်းလည်း ဖြစ်သည်။

ထို့ပြင် စာမေးပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ဖြေဆိုသူများ နားလည်စေရန်အတွက် MAJA ၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုဖိုင်ဖြင့် ယနေ့ ဇွန် ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့တာဟာ ဗုံးကြဲတာထက် ပိုထိရောက်တယ်လို့ ထရမ့်ပြော

အမေရိကန်စစ်တပ်က အီရန်ရဲ့ ပင်လယ်ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့တာဟာ ဗုံးကြဲတိုက်ခိုက်တာထက် ပိုပြီးထိရောက်မှုရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လိုအပ်လာရင် ဒီလိုဗျူဟာမျိုးကို အမြန်ဆုံးပြန်သုံးဖို့ အမေရိကန်အစိုးရအနေနဲ့ အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။ "ကျွန်တော့်အမြင်တော့ ဆိပ်ကမ်းပိတ်ဆို့လိုက်တာက ဗုံးတွေကြဲချတာထက် ပိုပြီးသက်ရောက်မှုရှိတယ်" လို့ အမေရိကန်ခေါင်းဆောင်က ပြောပါတယ်။ "ဒီအစီအစဉ်ကို ၁၅ မိနစ်အတွင်းမှာတင် ပြန်ပြီး စီစဉ်ပိတ်ဆို့နိုင်တယ်" လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်က အိမ်ဖြူတော်မှာရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ် ကို ဆိပ်ကမ်းပိတ်ဆို့မှုကို တကယ်ပဲ...

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမည်–အိန္ဒိယ

       အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။     ဘရစ်အဖွဲ့၏ ဥက္ကဌနိုင်ငံဖြစ်သော အိန္ဒိယသည် တနင်္လာနှင့် အင်္ဂါနေ့များ၌ နူးဒေလီတွင် ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ၏ အစည်းအဝေးကို လက်ခံကျင်းပနေသည်။       ဒိုဗယ်လ်နှင့် ဝမ်တို့အကြား ဆွေးနွေးမှုများကို အပြုသဘောဆောင်ပြီး အနာဂတ်ကိုမျှော်ကြည့်ခြင်းအဖြစ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။       နှစ်နိုင်ငံဆက်ဆံရေးတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည့် တိုးတက်မှုအပေါ် မှတ်ချက်ပြုခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။       အိမ်နီးချင်းနှစ်နိုင်ငံကြား...

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈ ဦး ‌ေ-သဆုံး

        ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်။        ပြင်သစ်နိုင်ငံတွင် ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် အချိန်ဇယားပြောင်းလဲခြင်းများ လုပ်ခဲ့ရပြီး ယခုသီတင်းပတ်သည် ဇွန်လအတွက် စံချိန်တင် အပူချိန်များဖြစ်ပေါ်နိုင်ကြောင်း ဗြိတိန်နိုင်ငံမှ မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့သည်။     ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဘော်ဒိုးမြို့တွင် အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လက အပူစံချိန်ကို ချိုးဖျက်ခဲ့သည်။ နိုင်ငံအလယ်ပိုင်း ပွိုင်တီးယားစ်မြို့တွင်မူ ၁၉၄၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071