Wednesday, June 17, 2026

ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထား...

ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများကို မကြာမီ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ အဆိုပါ DEMU အထူးအမြန်ရထားများ ပြေးဆွဲနိုင်ရေးအတွက်...

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက်...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...
HomeNewsLocal Newsနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့ လိုက်ပါသွားခဲ့ကြသည်။

ထို့ပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလည်း ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထား မကြာမီပြေးဆွဲမည်

ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများကို မကြာမီ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ အဆိုပါ DEMU အထူးအမြန်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် DEMU အထူးအမြန်ရထားများ မပြေးဆွဲမီ ရထားလမ်းတစ်လျှောက် လွတ်ကင်းမှုမရှိသည့် သစ်ပင်များနှင့် အဆောက်အအုံများကို အချိန်မီဖယ်ရှားရှင်းလင်းရေး၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက်...

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက် ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့ညနေပိုင်းတွင် ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့် (Gong Zheng) က ရှန်ဟိုင်းမြို့ရှိ Fairmont Peace Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071