Sunday, June 14, 2026

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသနိုင်သည့် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေရာ၌ ခေတ်မီစက်ကြီးများဖြစ်သည့် SPECT-CT နှင့်...
HomeNewsLocal Newsမြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့် လာမည့်နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများနှင့်...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့် လာမည့်နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများနှင့် အောင်မြင်မှုများရရှိရေး ဆွေးနွေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်လိဂ်ကော်မတီ၏ (၁/၂၀၂၆) အ စည်းအဝေးကို ဇွန် (၁၃) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Futsal Stadium အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေ့ဆက်ကျင်းပမည့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များကို အဓိကထား ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် လက်ရွေးစင်အသင်းများ အောင်မြင်ရေးနှင့် ပြိုင်ပွဲများ ကျင်းပရန် ပြင်ဆင်နေပြီး၊ နိုင်ငံတကာဖိတ်ခေါ်ပြိုင် ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအပြင် ပြည်တွင်းရှိ လိဂ်ပြိုင်ပွဲများ၊ ချန်ပီယံရှစ်ပြိုင်ပွဲများ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲများနှင့် လူငယ်လိဂ်ပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများအနေဖြင့် လာမည့်နိုင်ငံတ ကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများနှင့် အောင်မြင်မှုများ ဆွတ်ခူးနိုင်ရေးအတွက်လည်း အဖက်ဖက်မှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် မြန်မာ့ဖူဆယ်ပြိုင်ပွဲများကို ပရိသတ်များ အ လွယ်တကူ တိုက်ရိုက်ကြည့်ရှုနိုင်စေရန်အတွက် MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီနှင့် Hey Play Com pany Limited တို့အကြား Host Broad caster (HB) စာချုပ်ကို ယနေ့၌ပင် ချုပ်ဆိုခဲ့သည်။

အဆိုပါ စာချုပ်အရ Hey Play TV Cha nnel နှင့် Hey Play YouTube Channel တို့မှတစ်ဆင့် ပြိုင်ပွဲစဉ်များကို တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးနိုင်သောင်းထိုက်နှင့် ဦးဖြိုးမောင်မောင်၊ တာဝန်ခံဒါရိုက်တာ ဦးဘုန်းညွန့်ကို နှင့် ဖူဆယ်လိဂ် (၁) အသင်းများမှ အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအစီအစဉ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူမဆို နံနက် ၈ နာရီမှစတင်ကာ လာရောက်ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ ဆေးကုသပေးရာတွင် အထွေထွေအထူးကု၊ ဆီးချိုနှင့် ဟော်မုန်းအထူးကု၊...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့ ထရမ့်ကပြောပေမဲ့ အီရန်ဘက်ကတော့ အချိန်နဲ့ပတ်သက်ပြီး ငြင်းဆိုထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ "လာမယ့်ရက်ပိုင်းအတွင်း" ဖြစ်လာနိုင်တယ်လို့သာ ဆိုပါတယ်။ သဘောတူညီချက် ရသွားရင် ဟော်မုဇ်ရေလက်ကြားကို "လူတိုင်းအတွက် ဖွင့်ပေးမယ်" လို့ ထရမ့်က ပြောပြီး အီရန်ရဲ့ နျူကလီးယားပစ္စည်းတွေကို အမေရိကန်က နောက်ဆုံးမှာ ရယူသွားနိုင်မယ်လို့လည်း ကြွေးကြော်ထားပြန်ပါသေးတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လက်ဘနွန်အထိ အကျုံးဝင်ရမယ်လို့ အီရန်ဘက်က တောင်းဆိုထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတာကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ပေါက်ကွဲမှုတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071