Monday, June 8, 2026

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက်...

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့်...
HomeMoviesFDA က Risk...

FDA က Risk Based Inspection System ဖြင့် အစားအသောက်လုပ်ငန်းများကို ဇွန် ၁၅ ရက်မှ စတင်စစ်ဆေးမည်

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားသည့် လုပ်ငန်းများအား “Risk Based Inspection and Certification System” အရ ဘေးအန္တရာယ်ဖြစ်နိုင်ခြေအပေါ် အခြေခံသည့် နမူနာကောက်ယူစစ်ဆေးမှုများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

FDA အနေဖြင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် (လုပ်ငန်းသစ်/သက်တမ်းတိုး) လျှောက်ထားလာသော လုပ်ငန်းများကို ညွှန်ကြားချက် (၆/၂၀၂၅) နှင့်အညီ ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ထောက်ခံချက်ထုတ်ပေးပြီးနောက် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် “ပြည်တွင်းအစားအသောက်လုပ်ငန်းများအတွက် E-Submission မှတဆင့် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားခြင်းဆိုင်ရာ SOP” ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ Risk Based Inspection and Certification System သည် အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဘေးကင်းလုံခြုံရေးအဆင့်ကို ပိုမိုထိရောက်စွာ စိစစ်အကဲဖြတ်နိုင်ရန်နှင့် အရည်အသွေးထိန်းချုပ်မှုလုပ်ငန်းများကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း FDA ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က အစုရှယ်ယာတစ်စုလျှင် ကျပ် ( ၅ဝဝ ) နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့် ရှိမည့် အစုရှယ်ယာရှင်များအား အတည်ပြုသတ်မှတ်မည့်နေ့...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊ သတ်မှတ်စံနှုန်းအတွင်း၌သာ တည်ရှိနေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။ ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။ မိုးရေ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071