ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် နိုင်ငံတော်အစိုး ရမှထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများကို ဇွန် ၅ ရက်က မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်များဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာ အုပ်များ၊ ပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆေးနှင့် ဆေးဝါးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား ပူတာအိုမြို့သို့ မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်ဖြင့် (၂) ကြိမ်ပို့ဆောင်ပေးပြီးဖြစ်ကာ တာဝန်ရှိသူများကလက် ခံရယူ၍ သက်ဆိုင်ရာဌာနများသို့ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပူတာအိုမြို့ပေါ်နှင့် ကျေးရွာများ၌ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
