နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀ ရက် မှ ဂျွန်လ ၃ရက် (၅) ရက်တာ သွားရောက်ခဲ့စဉ် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။
အိန္ဒိယခရီးစဥ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ်မိုဒီမှ ချစ်ခင်ရင်းနှီးလေးစားစွာ ဧည့်ဝတ်ပြုခဲ့သည်။