Home Movies ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

0
85

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။

ဂျက်ကာ-စိန်တောင် မော်တင်လမ်း မိုင်တိုင်အမှတ် ၅၆/၀ နှင့် ၅၆/၁ ကြား တံတားအမှတ်(၁/၅၇) အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာမှ တံတား၏ပုသိမ်ဘက်ခြမ်းချဉ်းကပ်လမ်းမှာ ရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here