Friday, June 5, 2026

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင်...

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ...

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန်...

ရန်ကုန်၊ ဇွန် ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန်...

အိန္ဒိယခရီးစဥ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ်မိုဒီမှ...

‎‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀...
HomeMoviesဖိတ်စာမရဘဲ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်၊...

ဖိတ်စာမရဘဲ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်၊ မတက် အမေရိကန်ကိုယ်တိုင် ဆုံးဖြတ်ရတော့မည်ဟုဆို

လာမယ့်ဆောင်းဦးရာသီမှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့လာတက်ဖို့အတွက် ခရင်မ်လင်နန်းတော်က သီးသန့်ဖိတ်စာပို့ဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းဟာ ဒီခရီးစဉ်ကို သူတို့ဘာသာသူတို့ပဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြတာကြောင့်ပါလို့ ရုရှားသမ္မတပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

“ဒီဖိုရမ်က ကိုယ်စားလှယ်အဖွဲ့အားလုံးအတွက် ပွင့်လင်းပါတယ်။ ဘယ်ကိုယ်စားလှယ်အဖွဲ့မဆို လာတက်လို့ရတယ်၊ ကိုယ်စားလှယ်အဖွဲ့တွေက သူတို့ဘာသာသူတို့ပဲ ဆုံးဖြတ်ကြတာပါ” လို့ သူက ဆိုပါတယ်။

အခုလောလောဆယ်ကျင်းပနေတဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) မှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို Fine Arts အနုပညာကော်မရှင်ဥက္ကဋ္ဌ ရော့ဒ်နီ မီမ်းစ် ကွတ်ခ် (Rodney Mims Cook) က ဦးဆောင်နေပါတယ်။ သမ္မတရဲ့အကြံပေး ယူရီ အူရှာကော့ဗ် (Yury Ushakov) ပြောပြချက်အရ အမေရိကန်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်အတွင်းမှာ ဒီဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် ကိုယ်စားပြုတက်ရောက်တာလည်း ဖြစ်ပါတယ်။

ကွတ်ခ်ဟာ ဖိုရမ်ရဲ့ “ရုရှား-အမေရိကန် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲ” လို့ခေါ်တဲ့ အထူးဆွေးနွေးပွဲကဏ္ဍမှာ ပါဝင်‌ဆွေးနွေးဖို့ ရှိနေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင် မော်တင်လမ်း မိုင်တိုင်အမှတ် ၅၆/၀ နှင့် ၅၆/၁ ကြား တံတားအမှတ်(၁/၅၇) အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာမှ တံတား၏ပုသိမ်ဘက်ခြမ်းချဉ်းကပ်လမ်းမှာ ရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ် ထိခို-က်ဒ-ဏ်ရာရသူများပြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ပေါ-က်ကွဲမှုသည် မြို့နယ် လ.ဝ.က ရုံးဝင်း၏ ဝင်ပေါက်အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်က မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID ကဒ်လာရောက်ပြုလုပ်သူအများအပြားရှိကာ ဝန်ထမ်းများမှလည်း ရုံးလုပ်ငန်းများဆောင်ရွက်နေချိန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပေါ-က်ကွဲမှုဖြစ်ပေါ်ချိန်တွင် လ.ဝ.က ဝန်ထမ်းများအပါအဝင် ဒေသခံ(၁၈)ဦးခန့်အထိ ဗုံးစထိမှန်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ လူမှုကူညီရေးအသင်းများက စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ထိခို-က်ဒ-ဏ်ရာရသူများအား မန္တလေးတိုင်းအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများကလိုအပ်သည့်...

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း

ရန်ကုန်၊ ဇွန် ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန် ၁ သိန်းခန့်ကို တင်ပို့ပြီးစီးထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် ယခုအချိန်၌ ပြောင်းတစ်ကီလိုလျှင် ၁၁.၇ ဘတ်အထိ ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် လာမည့်ကာလတွင် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။ လက်ရှိအချိန်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံက ဈေးအမြင့်ဆုံးဖြင့် အများဆုံးဝယ်ယူနေပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071