Friday, June 5, 2026

ဖိတ်စာမရဘဲ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်၊ မတက်...

လာမယ့်ဆောင်းဦးရာသီမှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့လာတက်ဖို့အတွက် ခရင်မ်လင်နန်းတော်က သီးသန့်ဖိတ်စာပို့ဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းဟာ...

အိန္ဒိယခရီးစဥ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ်မိုဒီမှ...

‎‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀...

“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့”...

လူငယ်များအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကြရန် ပြည်ထောင်စုဝန်​ကြီး တိုက်တွန်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်၍ “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို...

ဂျကာတာတွင် ကျင်းပသည့် (၃၈) ကြိမ်မြောက်...

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၃၈) ကြိမ်မြောက် အာဆီယံ–အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့...
HomeMovies၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း...

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း

ရန်ကုန်၊ ဇွန်

၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန် ၁ သိန်းခန့်ကို တင်ပို့ပြီးစီးထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်၌ ပြောင်းတစ်ကီလိုလျှင် ၁၁.၇ ဘတ်အထိ ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် လာမည့်ကာလတွင် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။

လက်ရှိအချိန်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံက ဈေးအမြင့်ဆုံးဖြင့် အများဆုံးဝယ်ယူနေပြီး ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အဓိကတင်ပို့နေရကြောင်း သိရသည်။

ထိုင်းဘက်မှ ဝယ်လိုအား လျော့ကျလာပါက အခြားဝယ်လိုအားရှိသည့် အာဆီယံဒေသတွင်းနိုင်ငံများသို့ တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်းတွင်လည်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိတ်စာမရဘဲ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်၊ မတက် အမေရိကန်ကိုယ်တိုင် ဆုံးဖြတ်ရတော့မည်ဟုဆို

လာမယ့်ဆောင်းဦးရာသီမှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့လာတက်ဖို့အတွက် ခရင်မ်လင်နန်းတော်က သီးသန့်ဖိတ်စာပို့ဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းဟာ ဒီခရီးစဉ်ကို သူတို့ဘာသာသူတို့ပဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြတာကြောင့်ပါလို့ ရုရှားသမ္မတပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ "ဒီဖိုရမ်က ကိုယ်စားလှယ်အဖွဲ့အားလုံးအတွက် ပွင့်လင်းပါတယ်။ ဘယ်ကိုယ်စားလှယ်အဖွဲ့မဆို လာတက်လို့ရတယ်၊ ကိုယ်စားလှယ်အဖွဲ့တွေက သူတို့ဘာသာသူတို့ပဲ ဆုံးဖြတ်ကြတာပါ" လို့ သူက ဆိုပါတယ်။ အခုလောလောဆယ်ကျင်းပနေတဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) မှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို...

အိန္ဒိယခရီးစဥ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ်မိုဒီမှ ချစ်ခင်ရင်းနှီးလေးစားစွာ ဧည့်ဝတ်ပြုခဲ့

‎‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀ ရက် မှ ဂျွန်လ ၃ရက် (၅) ရက်တာ သွားရောက်ခဲ့စဉ် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။ အိန္ဒိယခရီးစဥ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ်မိုဒီမှ ချစ်ခင်ရင်းနှီးလေးစားစွာ ဧည့်ဝတ်ပြုခဲ့သည်။

“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” လူငယ်စကားဝိုင်းကျင်းပ

လူငယ်များအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကြရန် ပြည်ထောင်စုဝန်​ကြီး တိုက်တွန်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်၍ “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ဇွန်လ (၄) ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အဖွင့်အမှာစကားပြောကြားရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071