၂၀၂၆ ခုနှစ် အစိုးရပါဋိပထမပြန်စာမေးပွဲတွင် ရဟန်းရှင်လူ စုစုပေါင်း ၁၉,၄၆၈ ဦး အောင်မြင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်အရ ပထမကြီးတန်းတွင် အောင်မြင်သူ ၁,၁၁၇ ဦး၊ ပထမလတ်တန်းတွင် ၂,၃၇၆ ဦး၊ ပထမငယ်တန်းတွင် ၄,၅၂၂ ဦးနှင့် အခြေပြုမူလတန်းတွင် ၁၁,၄၅၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
၁၃၈၇ ခုနှစ် ပါဋိပထမပြန်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၁,၇၁၃ ဦးရှိခဲ့ပြီး ယင်းအနက် ၁၉,၄၆၈ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း တစ်တန်းစီတွင် ထူးချွန်စွာ အောင်မြင်သူ ၄ ဦးစီရှိခဲ့သဖြင့် စုစုပေါင်း ၁၆ ဦး ရှိကြောင်းလည်း သိရသည်။
