အာရ်စီအီးပီ ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးသည့် 2026 အာရ်စီအီးပီ ဉာဏ်ကြီးရှင်အဖွဲ့နှင် မီဒီယာ ဒိုင်ယာလော့ဂ် ကို ယနေ့ မေလ ၂၈ ရက် နေ့က တရုတ်နိုင်ငံ၊ အန်ဟွေပြည်နယ်တွင်ကျင်းပလျက်ရှိသည်။
အာဆီယံ-တရုတ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်ရန်၊ အာရ်စီအီးပီ အဖွဲ့ဝင်နိုင်ငံများကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသဆိုင်ရာပေါင်းစည်းမှုနှင့် မီဒီယာဆက်သွယ်ရေးပိုမိုအားကောင်းစေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ထိပ် တန်းကိုယ်စားလှယ်များကမိန့်ခွန်းများပြောကြားပြီး အန်ဟွေပြည်နယ် အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူး Peng Chuanwu က မော်ဒရေတာအဖြစ်တာဝန်ယူခဲ့သည်။
ထို့နောက် အာရ်စီးအီးပီ သုတေသနဌာန (Anhui University) နှင့် Southeast Asia Research Center (Shanghai Institutes for International Studies) တို့ကြား နားလည်မှု စာချွန်လွှာ သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် “Thematic Seminar”အဖြစ် “RCEP 1.0 မှ 2.0 သို့ တိုးတက်ပြောင်းလဲမှု”ခေါင်းစဥ်ဖြင့် Li Kaisheng (Shanghai Institutes for International Studies ဒုတိယ ဥက္ကဋ္ဌ)က မော်ဒရေတာအဖြစ်ဦးဆောင်ပြီး အေပက် China Business Council အကြီးတန်းအရာရှိများ၊ ကိုရီးယားကုန်သည်ကြီးများအသင်း၊ မလေးရှားကိုယ်စား လှယ်များနှင့် တရုတ်တက္ကသိုလ်ပညာရှင်များမှ အာရ်စီအီးပီ ၏ အနာဂတ်ပေါင်းစည်းမှုနှင့် စီးပွားရေးအခွင့်အလမ်းများကို အဓိကဆွေးနွေးကြသည်။
ထို့ပြင် Hualue Think Tank မှ Xia Ji က မော်ဒရေတာအဖြစ်ဦးဆောင်၍ တရုတ်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များက RCEP အဖွဲ့ဝင်နိုင်ငံများကြား ဒေသဆိုင်ရာမြို့များပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဇုန်ဖွံ့ဖြိုးတိုး တက်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများကြား ဆက်ဆံရေးမြှင့်တင်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
အဆိုပါ 2026 RCEP Think Tank and Media Dialogue သည် RCEP ဒေသအတွင်းပူးပေါင်းဆောင် ရွက်မှုနှင့် စီးပွားရေးအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အရေးပါသောပလက်ဖောင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
