တိုင်းနှင့် ပြည်နယ်အများစု၌ မိုးရွာသွန်းနေသော်လည်း စစ်ကိုင်းတိုင်းအတွင်း အပူရှိန်မြင့်တက်နေသဖြင့် မြင်းမူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အောင်ဇေယျရပ်ရှိ ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ “ဣဒ္ဓိဇေယျာ”နှစ်ထပ်သံဃာဆေးရုံတွင်အပူရှောင်စခန်းဖွင့်လှစ်ထားရကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းသို့ မေ ၂၆ ရက်တွင်လာရောက်နေထိုင်သည့် သက်ကြီးဘိုးဘွား(၅)ဦးအား ခရိုင်/မြို့နယ်တာဝန်ရှိသူများက အားပေးစကားပြောပြီး အာဟာရမုန့်၊ Royal D ၊ ဓာတ်ဆား၊ အားဖြည့်အချိုရည်၊ သောက်ရေသန့်နှင့် မုန့်များထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယင်း အပူရှောင်စခန်းသို့ မေ ၂၁ ရက်တွင် (၃) ဦး၊ မေ ၂၂ ရက်တွင် (၂)ဦး၊ မေ ၂၃ ရက်တွင် (၄)ဦးတို့သည် နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ လာရောက်တည်းခိုခဲ့ကြကာ ၎င်းတို့အား မြို့နယ်ကျန်းမာ ရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အာဟာရမုန့်၊ Royal D ၊ ဓာတ်ဆား၊ အချိုရည်၊ သောက်ရေသန့်များနှင့် မုန့်များထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
