Home Movies ရေနံချောင်းမြို့ ကမ်းနားရပ်၌ ရေဆင်းချိုးသည့်အမျိုးသားရေနစ်‌ေ-သဆုံးခဲ့

ရေနံချောင်းမြို့ ကမ်းနားရပ်၌ ရေဆင်းချိုးသည့်အမျိုးသားရေနစ်‌ေ-သဆုံးခဲ့

0
86

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ကမ်းနားရပ်တွင် ယနေ့ မေ ၂၅ ရက်နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ရေဆင်းချိုးသည့်အမျိုးသား(၁)ဦးရေနစ်‌ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်၊ ကမ်းနားရပ်တွင် အမျိုးသား(၁)ဦးရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ရုပ်အလေ_ာင်းအား မိတ်ဆွေကောင်းပရဟိတအသင်းက ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here