ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊လှိုင်မြို့နယ်တို့က 33 KV ဓါတ်အားလိုင်းများ နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းခြင်းများ ကို မေလ ၂၆ ရက်နေ့ မနက် ကိုးနာရီကနေ ၁၂ နာရီအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ သိရသည်။
အဆိုပါ ဆောင်ရွက်မည့်အချိန်တွင် 33KV ဟုံဟိုင်း-ဟံသာဝတီဖိဒါ နှင့် ဟုံဟိုင်း-FID ဖီဒါတို့ကို ဓါတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊အောင်ဇေယျအိမ်ယာ၊ဆင်မင်းအိမ်ယာ၊ဆင်မင်းလမ်း၊သီရိမင်္ဂလာဥယျာဉ် အိမ်ယာ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ထီးတန်းစက်မြေရပ်ကွက်၊ဈေးကလေးရပ်ကွက်၊ဦးပိုင်ဆီကန်များ၊တန်(၃၆၀)ဆန်စက်နှင့် အရိုးကုဆေးရုံတို့တွင် ယာယီ ဓါတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
လှိုင်မြို့နယ် (၃)ရပ်ကွက် လှိုင်မြစ်လမ်း၊ငွေဇင်ယော်ဟိန်းရေခဲစက် တို့လည်း ပါဝင်ကြောင်း သိရသည်။
ဓါတ်အားပြတ်တောက်ချိန်ကြာမြင့်မုမရှိစေရေး နှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း က အသိပေးထုတ်ပြန်ထားသည်။
