Monday, May 25, 2026

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေး

ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင်...

ရေနံချောင်းမြို့ ကမ်းနားရပ်၌ ရေဆင်းချိုးသည့်အမျိုးသားရေနစ်‌ေ-သဆုံးခဲ့

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ကမ်းနားရပ်တွင် ယနေ့ မေ ၂၅ ရက်နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ရေဆင်းချိုးသည့်အမျိုးသား(၁)ဦးရေနစ်‌ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeMoviesရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃)...

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ယနေ့ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃) အရ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ အမှာစကားပြောကြားရာ လွှတ်တော်၏လုပ်ငန်းစဉ်တွင် ဉပဒေပြုရေးလုပ်ငန်းပါဝင်သည့်အတွက် ဌာနဆိုင်ရာများ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေေကြေးသုံးစွဲမှုအပေါ် ပေါင်းစပ်ကာ စိစစ်အကြံပြုနိုင်ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်နဲ့ ဝတ္တရားဖြစ်သည် ဟုပြောကြားခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ကော်မတီ (၁၀) ရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်သော ဉပဒေပြုရေး၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ ငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ‌ေကာ်မတီတို့မှ ယခု သင်တန်းကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး မစခင် အချိန်မှီဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဉက္ကဌ ဦးကျော်ကျော်စိုးမှ ပြည်သူများရွေးချယ်တင်မြောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များဟာ အရည်အချင်းရှိဖို့လိုပါတယ်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်များသည် ကျင်လည်ခဲ့သည့် နယ်ပယ်အလိုက် ဉပဒေပြုရေး၊ ငေွစာရင်းနဲ့ စီမံကိန်းများစိစစ်ရေးဆိုင်ရာ ကဏ္ဍတွေနဲ့ နီးစပ်မှုမရှိသောကြောင့် ပညာရှင်များဖိတ်ကြားကာ ယခုလိုဆွေးနွေးပို့ချခြင်းဖြစ်သဖြင့် လေးစားစွာလေ့လာရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဧည့်ခံကျွေးမွေးစရိတ်ကျသင့်ငွေ လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ထို့နောက် ဉပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင် စာရင်းစစ်ချုပ်(ငြိမ်း) ဦးမြင့်အောင်နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တို့မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသည် မည်သို့မည်ပုံအရေးပါကြောင်းကို လွှတ်‌တော်ကိုယ်စားလှယ်များ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေး

ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခြင်းအားဖြင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ များစွာတိုးတတ်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဉက္ကဌ ဦးကျော်ကျော်စိုးမှလည်း လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲဆောင်ရွက်သည့် လုပ်ငန်းများတွင် စိစစ်ထိန်းကျောင်းခြင်းများပါဝင်သည့်အတွက် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ မူဘောင်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ရန် လေးစားစွာလေ့လာဖို့ တိုက်တွန်းပြောကြားခဲ့သည်။ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူးမှ တိုင်းအဆင့်...

ရေနံချောင်းမြို့ ကမ်းနားရပ်၌ ရေဆင်းချိုးသည့်အမျိုးသားရေနစ်‌ေ-သဆုံးခဲ့

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ကမ်းနားရပ်တွင် ယနေ့ မေ ၂၅ ရက်နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ရေဆင်းချိုးသည့်အမျိုးသား(၁)ဦးရေနစ်‌ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်၊ ကမ်းနားရပ်တွင် အမျိုးသား(၁)ဦးရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ_ာင်းအား မိတ်ဆွေကောင်းပရဟိတအသင်းက ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ”ဖွင့်လှစ်  မြန်မာသံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်သောဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်လျက်ရှိဟုပြောကြားခဲ့

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန၏ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ယခုဖွင့်လှစ်သည့် စင်တာအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်ချမှတ်ခဲ့သော မဟာဗျူဟာမြောက်မျှော်မှန်းချက်ကိုအကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ပြောသည်။ စင်တာသည် နည်းပညာတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် တွန်းအားတစ်ရပ်အဖြစ်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။ စင်တာဖွင့်ပွဲတွင် တရုတ်နိုင်ငံ၊ စက်မှုနှင့်သတင်းအ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071