Monday, May 25, 2026

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ...

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး...

    ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅...
HomeInternationalအစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန်...

အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန် နိုင်ငံအချို့ကို ထရမ့် တိုက်တွန်း

ပြီးခဲ့သည့် စနေနေ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ပူးတွဲဆွေးနွေးမှု ပြုလုပ်စဉ် ဝါရှင်တန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန်အတွက် အေဘရာဟမ် သဘောတူညီချက် (Abraham Accords)တွင် ပါဝင်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ကြောင်း Axios သတင်းဌာနက အမေရိကန်အရာရှိ နှစ်ဦးကို ကိုးကား၍ ဖော်ပြချက်အရသိရသည်။

အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ မေလ ၂၃ ရက်က ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာ၊ ယူအေအီး၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံ ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ဆွေးနွေးမှုအတွင်း ထရမ့်က အီရန်ပဋိပက္ခ ပြီးဆုံးသွားပြီးနောက် အေဘရာဟမ် သဘောတူညီချက်တွင် မပါဝင်သေးသည့် သို့မဟုတ် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ် မရှိသေးသည့် နိုင်ငံများသည် တယ်လ်အဗီးဗ် (အစ္စရေး) နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပုံမှန်ပြန်လည် ပြုလုပ်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် သံတမန်ဆက်ဆံရေး မရှိကြသည့် ကာတာ၊ ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် အ‌မေရိကန်သမ္မတ၏ ယခုကဲ့သို့ တောင်းဆိုမှုကြောင့် အံ့အားသင့်သွားခဲ့ကြကြောင်း အဆိုပါ သတင်းဌာနကက ဖော်ပြထားသည်။

“လိုင်းပေါ်မှာ တိတ်ဆိတ်မှု ဖြစ်သွားခဲ့ပြီး ထရမ့်က သူတို့ ရှိသေးရဲ့လားလို့ နောက်ပြောင်ပြီး မေးခဲ့တယ်” ဟု အမေရိကန်အရာရှိတစ်ဦးက Axios သို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတက သူ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နှင့် စီးပွားရေးလုပ်ငန်းရှင် ဂျရက် ကူရှနာတို့သည် လာမည့်ရက်သတ္တပတ်များအတွင်း ထိုနိုင်ငံများနှင့် အစ္စရေးတို့အကြား ဆက်ဆံရေး ပုံမှန်ဖြစ်လာစေရေး ကိစ္စရပ်ကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

အစောပိုင်းကလည်း အမေရိကန်သမ္မတသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Truth Social ပေါ်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အနာဂတ်တွင် အီရန်နိုင်ငံအနေဖြင့်လည်း အေဘရာဟမ် သဘောတူညီချက်တွင် ပါဝင်ရန် ဆန္ဒရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

အေဘရာဟမ် သဘောတူညီချက်ကို ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် အာရပ်နိုင်ငံအချို့အကြား ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဘာရိန်း၊ မော်ရိုကိုနှင့် ယူအေအီးတို့သည် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်တွင် ဆူဒန်နိုင်ငံက အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။ ယင်းသဘောတူညီချက်များ မတိုင်မီက အာရပ်နိုင်ငံများထဲတွင် အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့သာ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ရှိခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ”ဖွင့်လှစ်  မြန်မာသံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်သောဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်လျက်ရှိဟုပြောကြားခဲ့

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန၏ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ယခုဖွင့်လှစ်သည့် စင်တာအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်ချမှတ်ခဲ့သော မဟာဗျူဟာမြောက်မျှော်မှန်းချက်ကိုအကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ပြောသည်။ စင်တာသည် နည်းပညာတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် တွန်းအားတစ်ရပ်အဖြစ်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။ စင်တာဖွင့်ပွဲတွင် တရုတ်နိုင်ငံ၊ စက်မှုနှင့်သတင်းအ...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း သပ်စစ်ဆေးပေး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကလည်း လာရောက်ကုသမှုခံယူသူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၂၄ ရက်တွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာ...

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု ပြီးစီး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများ ယခုအခါ အောင်မြင်စွာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထွာန်းစိမ့်စမ်းရေမှ သွယ်တန်းထားသည့် ပင်မပိုက်လိုင်းများ ပြီးစီးသဖြင့် ဗလိုင်အထက်ရပ်ကွက်ရှိ ဂါလန် (၃၀,၀၀၀) ဆံ့ ရေလှောင်ကန်သို့ ရေအဆက်မပြတ် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေလှောင်ကန်မှတဆင့် ဗလိုင်အထက်ရပ်ကွက်၊ ပြ ည်သူ့ဆေးရုံအနီးတဝိုက်နှင့် တောင်ဇလပ်ရိပ်သာအနီးရှိ ပြည်သူများ၏ နေအိမ်များအထိ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ပြီဖြစ်သည်။ ဖလမ်းမြို့၏ ပင်မရေပေးဝေရေးလုပ်ငန်းများတွင် လိုင်ဗားဆည်ရေပေးဝေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071