Monday, May 25, 2026

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး...

    ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌...

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေပြီဖြစ်

ယနေ့ မေ ၂၅ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို စတင်လက်ခံနေပြီဖြစ်သည်။ မေလ ၂၅ ရက်မှ ၃၁...

ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်မှ ခါးပိုက်နှိုက်...

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏...
HomeNewsLocal Newsမုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍...

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် သတိပေး

မြန်မာနိုင်ငံဒေသအချို့သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာစိုင်ခွန်အာကာက သတိပေးပြောကြားထားသည်။

အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် မုတ်သုံလေစတင်ဝင်ရောက်နေပြီဖြစ်ပြီး တနင်္သာရီ တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် မုတ်သုံလေအပြည့် အဝလွှမ်းခြုံနေပြီဖြစ်သဖြင့် မုတ်သုံမိုးများ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါကာလအတွင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးခရိုင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ ကမ်းရိုးတန်းနှင့် ကျွန်းငယ်လေးများတွင် နေရာကွက်၍ မိုးများနိုင်ကာ ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်သဖြင့် ကမ်းခြေများသို့ အပန်းဖြေခရီးထွက်ခြင်းကို ရှောင်ကျဉ်သင့်ကြောင်းလည်းသတိပေးထားသည်။

ထို့ပြင် မိုးဦးကာလဖြစ်သည့်အတွက် လျှပ်စီးမိုးကြိုးအန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ပြီး မိုးတိမ်မဲကြီးများမြင်ရခြင်း သို့မဟုတ် မိုးခြိမ်းသံကြားရခြင်းရှိပါက ကွင်းပြင်နှင့် လယ်ကွင်းများအတွင်း သွားလာခြင်းမပြုဘဲ နီးစပ်ရာအဆောက်အအုံအတွင်းသို့ အမြန်ဆုံးဝင်ရောက်ခိုလှုံရန် တိုက်တွန်းထားသည်။

သစ်ပင်သည် စိုစွတ်သည့်လျှပ်ကူးပစ္စည်းဖြစ်သဖြင့် မိုးကြိုးစက်ကွင်းမိနိုင်သောကြောင့် သစ်ပင်အောက်၌ ခိုလှုံခြင်း သို့မဟုတ် ကျွဲ၊ နွားများကို ချည်နှောင်ထားခြင်းများ လုံးဝမပြုလုပ်ရန်လည်းအရေးကြီးကြောင်း အသိပေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး ‌ေ-သ၊ ၁၇ ဦး ပျေ-ာက်ဆုံးလျက်ရှိ

    ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အပျ-က်အစီးပုံအောက်မှ အသက်ရှင်လျက်ရှိသေးသော လက္ခဏာများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။      ဆွဲထုတ်နိုင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးသည် ပြန်ထုတ်ယူနိုင်ချိန်တွင် သွေးခုန်နှုန်းကို စမ်း၍ ရနေခဲ့သေးသော်လည်း နောက်ပိုင်းတွင် ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီးဘေးကာကွယ်ရေးဗျူရိုမှ ပြန်ကြားရေးအရာရှိ မစ္စ မာရီယာ လက်ဆာဂျီလီက ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပြီး အခြားတစ်ဦးသည်...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းသည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း WFP က ထောက်ပြထားသည်။ အဆိုပါ ထောက်ပံမှုအရ...

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေပြီဖြစ်

ယနေ့ မေ ၂၅ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို စတင်လက်ခံနေပြီဖြစ်သည်။ မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။ ယနေ့တွင် ကျောင်းအပ်နှံသူများပြားခဲ့ပြီး KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံကို အခမဲ့ပေးအပ်ခဲ့သည်။ အလားတူ အလယ်တန်းနှင့် အထက်တန်းအဆင့်များအတွက် ဗလာစာအုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071