မိုးရာသီကာလအတွင်း ကျိုက်ထီးရိုးစေတီ၌ ကေဘယ်လ်ကား(Cable Car) ပြေးဆွဲမှုရပ်နားထားမည်ဟု ယနေ့ (မေ၂၀) တွင် သက်ဆိုင်ရာ ကုမ္ပဏီမှ ထုတ်ပြန်သည်။
သို့သော်လည်း ဆံတော်ရှင်စေတီတော်ထံသို့ သွားရောက်ဖူးမြော်လိုသည့် ဘုရားဖူးမိဘပြည်သူများအတွက် တောင်တက်ကားများ ပုံမှန်အတိုင်း ဆက်လက် ရှိနေမည် လည်း ဖြစ်သည်။
ထို့ကြောင့် မိုးရာသီ၌ ဘုရားဖူးလာရောက်မည့် ဧည့်သည်တော်များအနေဖြင့် တောင်တက်ကားများဖြင့် အဆင်ပြေချောမွေ့စွာ ဆက်လက် သွားရောက်နိုင်ကြောင်း အသိပေးထားသည်။
