မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေ ၁၉ ရက်နံနက် ၉ နာရီခွဲမှ ယနေ့ မေ ၂၀ ရက်နံနက် ၉ နာရီခွဲအထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်(၄)ခု၌ မေလ၏ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် (၃(ဒီဂရီဆဲလ်စီးယပ် တနင်္သာရီတိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီဆဲလ်စီးယပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မနက်ဖြန် မေ ၂၁ ရက်နံနက်ပိုင်းအထိ မိုးဇလ ၏ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာ သွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မ ကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ယင်း မိုးတိမ်တောင်များရွေ့ လျားရာနေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
