ပြည်တွင်းက လက်မှုပညာရှင် အမျိုးသမီးတို့အတွက် ကိုယ်ပိုင်လုပ်ငန်းများကို Digital လောကထဲတွင် တိုးချဲ့နိုင်မည့် အခွင့်အရေး ဖြစ်သည့် “အိမ်ဆိုင် – Project” တွင်ပါဝင်နိုင်ရန် ပြည်တွင်းက အမျိုးသမီးလက်မှုပညာရှင် ၁၀၀ ကိုဖိတ်ခေါ် လိုက်ကြောင်း သိရသည်။
အိမ်တွင်းလက်မှုအသေးစားလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးများအတွက် အခွင့်အရေးတစ်ခုအဖြစ် Lat Mhu Shop က ဦးဆောင်ပြီး European Union နှင့် Global Youth Mobilization တို့က အိမ်ဆိုင် – Porject ကို ကူညီပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ် အရ ( ၇ ) ရက်တာ Bootcamp ကို တက်ရောက်ရမည်ဖြစ်ပြီး ၃ မိနစ်စာ Video Pitch လေးတစ်ခု ဖန်တီးပေးရမည်ဖြစ်သည်။
လုပ်ငန်းစတင်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် Business Pitch ပြင်ဆင်ခြင်း ၊ လက်မှုလုပ်ငန်းအတွက် Branding တည်ဆောက်ခြင်းနှင့် Marketing ပညာရပ်များ၊ မိမိ၏လုပ်ငန်းကို Digital Shop အဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်း၊ ဝယ်ယူသူများကို ဆွဲဆောင်ရန်ထုတ်ကုန်ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်းများ၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်း နှင့် Digital Commerce နှင့် ငွေပေးချေမှုစနစ်များအကြောင်း အထူးဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို ပြီးဆုံးသည့်အထိ တက်ရောက်ပြီး ၃ မိနစ်စာ Video Pitch လုပ်ရင်း Assessment များကို အောင်မြင်စွာ ဖြေဆိုနိုင်သူများကို ကိုယ်ပိုင် Digital Store (အွန်လိုင်းဆိုင်ခန်း) တစ်ခုစီကို ရရှိမှာဖြစ်ပြီး လက်မှုထုတ်ကုန်များကို ချက်ချင်း ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ project တွင် ပါဝင်နိုင်ရန် မေလ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပါ link ( https://forms.gle/EujGzthV9VjxVWdm8) ကတဆင့် စာရင်းပေးသွင်းနိုင်ပြီး သင်တန်းကို ဇွန်လ ၁ ရက်တွင် စတင်မည်ဖြစ်သည်။
