မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ဇွန်လအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri-Nations Cup (Women’s Friendly) ဖိတ်ခေါ်ပြိုင်ပွဲအတွက် နည်းပြချုပ်သစ်၏ လမ်းညွှန်မှုအောက်တွင် လေ့ ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုပြိုင်ပွဲသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နည်းပြချုပ်သစ်၏ ပထမဆုံးသော စမ်းသပ်မှုဖြစ်ပြီး၊ အာရှအင်အားကြီး ထိုင်းအသင်း၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။
ပြိုင်ပွဲကို ဇွန်လ (၃) ရက်မှ (၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဇွန် (၃)ရက် ညနေ (၄)နာရီတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ဇွန်(၆) ရက် ညနေ (၄)နာရီ တွင် ထိုင်းနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် (၉) ရက် ညနေ (၄)တွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ်၏ ကစားကွက်သစ်များ၊ နည်းစနစ်သစ်များနှင့် ယဉ်ပါးစေရန် လေ့ကျင့်ရေးကွင်းအတွင်း လေ့ကျင့်ပြင်နေကြပြီဖြစ်သည်။
