Thursday, May 21, 2026

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ...

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က...

Tri Nations Cup ပြိုင်ပွဲအတွက်...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု...

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း...

မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို...

​အပြန်အလှန်ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမည့် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို လာမည့် မေ ၂၃ ရက်နှင့် မေ ၂၄...
HomeMoviesမလေးရှား၏ ဒေါ်လာ ၁၄၇...

မလေးရှား၏ ဒေါ်လာ ၁၄၇ သန်းတန် ဒုံးကျည်အမှာစာအား ဖျက်သိမ်းရန် နော်ဝေကို အမေရိကန်က ဖိအားပေးခဲ့သည်ဟု သံသယရှိနေ

မလေးရှားနိုင်ငံထံ ရောင်းချထားသည့် ရေတပ်သုံး ဒုံးကျည်စနစ်အတွက် ပို့ကုန်လိုင်စင်များကို နော်ဝေနိုင်ငံက ပြန်လည်ရုပ်သိမ်းလိုက်ခြင်းသည် အချုပ်အခြာအာဏာပိုင် နှစ်နိုင်ငံကြားမှ လက်နက်အရောင်းအဝယ် သဘောတူညီချက်တစ်ခုကို အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်မျှအထိ လွှမ်းမိုးဖျက်ဆီးနိုင်ကြောင်း အထင်အရှား မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း သူ၏ ပြင်းထန်သော ဒေါသကို ဖုံးကွယ်ထားခြင်းမရှိပေ။ ကြာသပတေးနေ့က ပြောကြားရာတွင် သူသည် နော်ဝေဝန်ကြီးချုပ် ယိုနပ်စ် ဂါးရ် စတိုးရ်ထံသို့ ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်ကာ မလေးရှား၏ “ပြင်းထန်သော ကန့်ကွက်မှု” ကို အသိပေးခဲ့သည်ဟု ဆိုသည်။

“လက်မှတ်ရေးထိုးထားတဲ့ စာချုပ်တွေဆိုတာ လေးနက်တည်ကြည်တဲ့ ကတိကဝတ်တွေပါ။ အခုလို စိတ်အလိုလိုက်ပြီး အစီအစဉ်မရှိ လွင့်ပစ်လိုက်ရမယ့် စက္ကူစုတ်တွေမဟုတ်ဘူး” ဟု အန်ဝါက ပြောကြားခဲ့သည်။ ဥရောပ ကာကွယ်ရေးပစ္စည်း ထောက်ပံ့သူများအနေဖြင့် အကျိုးဆက်တစ်ခုခုကို ခံစားရခြင်းမရှိဘဲ ယခုကဲ့သို့ ကတိဖျက်ပိုင်ခွင့်ရှိသည်ဟု ခံယူထားပါက ၎င်းတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် မည်သည့်တန်ဖိုးမျှ ရှိတော့မည်မဟုတ်ကြောင်းကိုလည်း သတိပေးခဲ့သည်။

အင်္ဂါနေ့တွင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလစ် နော်ဒင် (Mohamed Khaled Nordin) က ပိုမိုပြတ်သားစွာ ပြောဆိုလာပြီး မလေးရှားအနေဖြင့် ဒေါ်လာ ၂၅၁ သန်းကျော် ကာမိစေမည့် နစ်နာကြေးတောင်းခံမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းနစ်နာကြေးတွင် ပေးချေထားပြီးသား ငွေပမာဏများသာမက၊ သင်္ဘောတပ်ဆင်မှုများကို ပြန်လည်ပြင်ဆင်ရခြင်း၊ စစ်ရေယာဉ်အဖွဲ့သားများကို ပြန်လည်လေ့ကျင့်ပေးရခြင်းနှင့် နော်ဝေဒုံးကျည် တပ်ဆင်ရန်အတွက်သာ ကနဦးကတည်းက သီးသန့်ပုံစံထုတ် တည်ဆောက်ထားသည့် စစ်ရေယာဉ်များပေါ်တွင် ဒုံးကျည်စနစ်အသစ်တစ်ခုလုံးကို ပြန်လည်ပေါင်းစပ်ထည့်သွင်းရမည့် နောက်ဆက်တွဲ ကုန်ကျစရိတ်များပါ အကျုံးဝင်မည်ဖြစ်သည်။

ထို့ပြင် သူက ဒေသတွင်းရှိ အခြားနိုင်ငံများကိုလည်း “နော်ဝေနိုင်ငံထုတ်ပစ္စည်းများကို မဝယ်ယူမီ သေချာစဉ်းစားကြရန်” သတိပေးချက်တစ်ခုကိုပါ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အရောင်းအဝယ်ကို ပိတ်ပင်ရာတွင် နော်ဝေအာဏာပိုင်များက နေတိုး (Nato) အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံများမှလွဲ၍ အခြားနိုင်ငံများသို့ ထိခိုက်လွယ်သော ကာကွယ်ရေးဆိုင်ရာ ပို့ကုန်များကို ကန့်သတ်မည့် မူဝါဒအသစ်ကြောင့်ဟု အကြောင်းပြခဲ့သည်။

သို့သော်လည်း နော်ဝေအစိုးရ ၏ တရားဝင် အကြောင်းပြချက်နောက်ကွယ်တွင် နော်ဝေ၏ Naval Strike Missile သည် အမေရိကန်အစိတ်အပိုင်းများအပေါ် မှီခိုနေရသည်ဟူသော အချက်ရှိနေကြောင်း ယူအီးအီး (UAE) အခြေစိုက် Rabdan လုံခြုံရေးနှင့် ကာကွယ်ရေးသုတေသနအဖွဲ့မှ သုတေသီ အဗ္ဗဒူ ရာမန် ယာကွတ်က ဆိုသည်။ ၎င်းတို့အနက် ဒုံးကျည်လမ်းညွှန်စနစ်၏ အဓိကအသက်သွေးကြောဖြစ်သော ဂျိုင်ရိုစကုပ်(Gyroscope) သည် အဓိကဖြစ်သည်။

စစ်ရေး-လူမှုရေး နှစ်ဖက်သုံး ထိခိုက်လွယ်နည်းပညာများ (Dual-use technologies) တင်ပို့မှုကို နှစ်ပေါင်းများစွာကတည်းက တင်းကျပ်လာခဲ့သည့် အမေရိကန်သည် အဆိုပါ အစိတ်အပိုင်းများကို မလေးရှားသို့ မပို့ဆောင်ရန် နော်ဝေကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပုံရသည်။

မလေးရှားကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ စာချုပ်တန်ဖိုး၏ ၉၅ ရာခိုင်နှုန်း (သို့မဟုတ်) ယူရို ၁၂၆ သန်းခန့်ကို ပေးချေပြီးဖြစ်သော်လည်း၊ ဝါရှင်တန်က အချုပ်အခြာအာဏာပိုင် နှစ်နိုင်ငံကြား လက်နက်ဝယ်ယူရေးသဘောတူညီချက်ကို ကြားဝင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး၊ အနောက်အုပ်စုအတ္တလန္တိတ် လုံခြုံရေးမဟာမိတ်အဖွဲ့အတွင်း နက်ရှိုင်းစွာ ပါဝင်နေသည့် နေတိုးအဖွဲ့ဝင် နော်ဝေအနေဖြင့် လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ဟု ဆိုလိုရာရောက်နေသည်။

ဤဖြစ်ရပ်ကြောင့် အာရှတစ်လွှားရှိ ကာကွယ်ရေးစီမံကိန်း ရေးဆွဲသူများအနေဖြင့် နောင်အနာဂတ်တွင် “အမေရိကန်အစိတ်အပိုင်း အနည်းဆုံးသာ ပါဝင်မည့် လက်နက်စနစ် သို့မဟုတ် စစ်လက်နက်ပစ္စည်းများကိုသာ ရှာဖွေရန်” သေချာပေါက် ပြန်လည်သုံးသပ်ကြရလိမ့်မည်ဟု ရာမန်က သုံးသပ်သည်။

မလေးရှားသည် အဆိုပါဒုံးကျည်များကို မတ်လတွင် လက်ခံရရှိရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ တိုက်တွန်း

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ အတားအဆီးများကို ဖြေလျှော့ပေးရန်နှင့် အလုပ်လုပ်ခွင့်ပါမစ်များကို သက်တမ်းတိုးပေးရန် လိုအပ်ကြောင်း JSCCIB က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်ကဏ္ဍတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းလည်း ကော်မတီက ဆိုသည်။ မေ ၂၀ ရက်က ကျင်းပသည့် JSCCIB...

Tri Nations Cup ပြိုင်ပွဲအတွက် မြန်မာ့အမျိုးသမီးအသင်းကို ဦးဇော်ဇော် သွားရောက်အားပေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football Invitation Cup 2026” ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းထံ သွားရောက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ဦးဇော်ဇော်သည် ယနေ့ညနေပိုင်းက သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွင်း မိမိတို့၏ အရည်အချင်းများကို အပြည့်အဝဖော်ထုတ်ပြသရန်၊ အသင်းအတွင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်စွာ ယှဉ်ပြိုင်ကစားကြရန်...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု စတင်

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်ဘက်၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေမည့် စစ်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။ နိုင်ငံပိုင် CCTV သတင်းဌာန၏ ဖော်ပြချက်အရ လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စု၏ လေ့ကျင့်မှုတွင် နည်းဗျူဟာမြောက် ကမ်းဝေးပျံသန်းမှုများ၊ ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အကာအကွယ်ပေးရေးဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ရေတပ်က ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071