ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် စတင်အသက်ဝင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်တွင် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချုပ်ဆိုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်သည် သဘောတူစာချုပ်၏ အပိုဒ် ၁၈ (စာချုပ်အသက်ဝင်ခြင်း၊ သက်တမ်းနှင့် ရပ်စဲခြင်း) ၏ အပိုဒ်ခွဲ (၁) အရ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၉၇ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
