Thursday, May 21, 2026

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ...

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က...

Tri Nations Cup ပြိုင်ပွဲအတွက်...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု...

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း...

မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို...

​အပြန်အလှန်ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမည့် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို လာမည့် မေ ၂၃ ရက်နှင့် မေ ၂၄...
HomeMoviesကွန်ဂိုတွင် အီဘိုလာကြောင့်‌ေ-သဆုံးသူ ၁၃၁...

ကွန်ဂိုတွင် အီဘိုလာကြောင့်‌ေ-သဆုံးသူ ၁၃၁ ဦးရှိလာ–ဒဗ္ဗလျူအိပ်ချ်အို

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာရ်စီ) အရှေ့ပိုင်းတွင် ၂၄ နာရီအတွင်း အီဘိုလာရောဂါ သံသယလူနာ ၂၆ ဦး ထပ်မံ‌ေ-သဆုံးခဲ့ကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ရောဂါဖြစ်ပွားမှု ပျံ့နှံ့လာသည့်အတွက်အလွန်စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဖော်ပြခဲ့သည်။

ယခုသေဆုံးမှုများနှင့်ဆိုလျှင် နိုင်ငံအရှေ့ပိုင်း၌ ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်သော ‌ေ-သဆုံးသူ ၁၃၁ ဦး အထိ ရှိလာခဲ့ ပြီဖြစ်သည်။ ကွန်ဂိုကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ ဒီအာရ်စီတွင် သံသယရှိလူနာ ၅၄၃ ဦးနှင့် အတည်ပြုလူနာ ၃၃ ဦးရှိပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင် အတည်ပြုလူနာ နှစ်ဦးရှိသည်။

ရှားပါးသော Bundibugyo မျိုးကွဲဗိုင်းရပ်စ်ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ရသော ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဒဗ္ဗလျူအိပ်ချ်အိုအကြီးအကဲက စနေနေ့တွင် ကြေညာခဲ့သည်။ ဒဗ္ဗလျူအိပ်ချ်အို အကြီးအကဲတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အရေးပေါ်ကော်မတီတစ်ရပ် ကို ဖွဲ့စည်းခဲ့သည်။

ကျယ်ပြန့်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေထူထပ်သောဒေသတွင် ရက်သတ္တပတ်များစွာ စစ်ဆေးမတွေ့ရှိဘဲ ကူးစက်ပျံ့နှံ့သွားနိုင်သောကြောင့် ရောဂါဖြစ်ပွားမှုသည် ဆရာဝန်ကြီးများကို စိုးရိမ်စေခဲ့သည်။ ဒီအာရ်စီအရှေ့ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရောဂါဖြစ်ပွားမှုသည် ဒုတိယမြောက် ‌ေ-သဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လူ ၂,၃၀၀ နီးပါး သေဆုံးခဲ့သည်။

လူဦးရေ သိန်းနှင့်ချီရှိသော ဘူတမ်ဘိုမြို့တွင် ပထမဆုံးအတည်ပြုလူနာနှစ်ဦးကို တနင်္လာနေ့တွင် တွေ့ရှိခဲ့သည်ဟု ကွန်ဂိုနိုင်ငံတော် ဇီဝဆေးပညာသုတေသနဌာန(INRB) ညွှန်ကြားရေးမှူး ဂျန် ဂျက်ကွီးစ် မူအမ်ဘီက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ယူဂန်ဒါအာဏာပိုင်များသည် နှစ်နိုင်ငံနယ်စပ်ဂိတ် Ishasha-Kyeshero ကို ကန့်သတ်ရန် စတင်နေပြီဖြစ်ကြောင်း ဒေသခံအစိုးရအရာရှိ အမ်ဘရို့စ် အေမန်ယီး မွီဆီဂီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ သို့သော် နယ်စပ်ကို တရားဝင်ပိတ်သိမ်းခြင်းမူ မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတောင်ပိုင်း ဂိုမာနှင့် ဘူကာဗူမြို့များမှ ရဝမ်ဒါသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော ကွန်ဂိုလူမျိုးများကို နယ်စပ်တွင် တားဆီးထားကြောင်း ရို-က်တာသတင်းထောက်များက ပြောကြားခဲ့သည်။

နိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်ဂိတ်များကို မပိတ်ရန် ဒဗ္ဗလျူအိပ်ချ်အိုက စနေနေ့တွင် တိုက်တွန်းခဲ့ပြီး စောင့်ကြည့်မှုမရှိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

Ref: အာရ်အင်န်ဇက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ တိုက်တွန်း

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ အတားအဆီးများကို ဖြေလျှော့ပေးရန်နှင့် အလုပ်လုပ်ခွင့်ပါမစ်များကို သက်တမ်းတိုးပေးရန် လိုအပ်ကြောင်း JSCCIB က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်ကဏ္ဍတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းလည်း ကော်မတီက ဆိုသည်။ မေ ၂၀ ရက်က ကျင်းပသည့် JSCCIB...

Tri Nations Cup ပြိုင်ပွဲအတွက် မြန်မာ့အမျိုးသမီးအသင်းကို ဦးဇော်ဇော် သွားရောက်အားပေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football Invitation Cup 2026” ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းထံ သွားရောက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ဦးဇော်ဇော်သည် ယနေ့ညနေပိုင်းက သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွင်း မိမိတို့၏ အရည်အချင်းများကို အပြည့်အဝဖော်ထုတ်ပြသရန်၊ အသင်းအတွင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်စွာ ယှဉ်ပြိုင်ကစားကြရန်...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု စတင်

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်ဘက်၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေမည့် စစ်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။ နိုင်ငံပိုင် CCTV သတင်းဌာန၏ ဖော်ပြချက်အရ လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စု၏ လေ့ကျင့်မှုတွင် နည်းဗျူဟာမြောက် ကမ်းဝေးပျံသန်းမှုများ၊ ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အကာအကွယ်ပေးရေးဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ရေတပ်က ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071