Thursday, May 21, 2026

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ...

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က...

Tri Nations Cup ပြိုင်ပွဲအတွက်...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု...

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း...

မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို...

​အပြန်အလှန်ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမည့် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို လာမည့် မေ ၂၃ ရက်နှင့် မေ ၂၄...
HomeMoviesကမ္ဘာ့ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု...

ကမ္ဘာ့ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ဆွတ်ခူး

မေလ (၁၉)ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ (King’s Cup) အမျိုးသားသုံးယော က်တွဲ (Regu Event) ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသ ည်။

မြန်မာအသင်းသည် အဓိက ကစားသမားများဖြစ်သည့် အောင်အောင်၊ သန့်ဇင်ထွန်းနှင့် ရဲထက်တို့ဖြင့် ပွဲထွက်လာခဲ့ပြီး ထိုင်းအသင်းကို အစွမ်းကုန် တုံ့ပြန်ကစားခဲ့သော်လည်း ပထမပွဲ( ၈ – ၁၅) ထိုင်းအနိုင်၊ ဒုတိယပွဲ(၁၅ – ၁ )မြန်မာအ နိုင်၊ အဆုံးအဖြတ်ပွဲ(၇ – ၁၅) ထိုင်းအနိုင် ရလဒ်တို့ရရှိခဲ့ကြောင်း သိရသည်။

ပွဲစဉ်တလျှောက် မြန်မာအသင်းသည် ဒုတိယပွဲတွင် ပြန်လ ည်အနိုင်ရရှိခဲ့သဖြင့် မျှော်လင့်ချက်များ ရှိခဲ့သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် ထိုင်းအသင်း၏ အမှားအယွင်းမရှိ တိုက်စစ်ဆင်မှုများကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သုံးယောက်တွဲ (Regu Event) ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်များ အသီးသီးရရှိခဲ့ကြပြီး တောင်ကိုရီးယားနှင့် မလေးရှားအသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုများကို ဆွတ်ခူးသွားခဲ့ကြသည်။

ထို့ပြင် ယခင်ယှဉ်ပြိုင်ပြီးစီးခဲ့သည့် လေးယောက်တွဲ (Quad rant Event) ပြိုင်ပွဲတွင်လည်း မြန်မာအသင်းသည် ဗီယက် နမ်အသင်းနှင့်အတူ ပူးတွဲကြေးတံဆိပ်ဆု ကို ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် ယခုနှစ် ကမ္ဘာ့ပြိုင်ပွဲတွင် ဆုတံဆိပ်များ ထိုက်ထိုက်တန်တန် ဆွ တ် ခူးနိုင်ခဲ့သည့်အတွက် ပရိသတ်များက လူမှုကွန်ရက်ပေါ်တွင် ဂုဏ်ပြုစကားများ ပြောကြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ တိုက်တွန်း

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ အတားအဆီးများကို ဖြေလျှော့ပေးရန်နှင့် အလုပ်လုပ်ခွင့်ပါမစ်များကို သက်တမ်းတိုးပေးရန် လိုအပ်ကြောင်း JSCCIB က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်ကဏ္ဍတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းလည်း ကော်မတီက ဆိုသည်။ မေ ၂၀ ရက်က ကျင်းပသည့် JSCCIB...

Tri Nations Cup ပြိုင်ပွဲအတွက် မြန်မာ့အမျိုးသမီးအသင်းကို ဦးဇော်ဇော် သွားရောက်အားပေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လာမည့် ဇွန်လဆန်းတွင် ကျင်းပမည့် “AYA Bank Tri Nations Women's Football Invitation Cup 2026” ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းထံ သွားရောက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ဦးဇော်ဇော်သည် ယနေ့ညနေပိုင်းက သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွင်း မိမိတို့၏ အရည်အချင်းများကို အပြည့်အဝဖော်ထုတ်ပြသရန်၊ အသင်းအတွင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်စွာ ယှဉ်ပြိုင်ကစားကြရန်...

အနောက်ပစိဖိတ်တွင် တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု စတင်

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်ဘက်၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေမည့် စစ်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။ နိုင်ငံပိုင် CCTV သတင်းဌာန၏ ဖော်ပြချက်အရ လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စု၏ လေ့ကျင့်မှုတွင် နည်းဗျူဟာမြောက် ကမ်းဝေးပျံသန်းမှုများ၊ ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အကာအကွယ်ပေးရေးဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ရေတပ်က ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071