တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်းများတွင် ၂၀ ၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသ ည်။
အဆိုပါ သင်တန်းများကို အမှတ်(၁) တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)နှင့် အမှတ်(၂) တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအား ခေါ်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားသူများအနေဖြင့် Grade-10 အတွက် Grade -9 အောင်မြင်ပြီး အသက် ၁၇ နှစ်မကျော်သူ၊ Grade-11 အတွက် Grade-10 အောင်မြင်ပြီး အသက် (၁၈) နှစ်မကျော်သူနှင့် Grade-12 အတွက် Grade-11 အောင်မြင်ပြီး အသက် (၁၉) နှစ်မကျော်သူ မြန်မာနိုင်ငံသား လူပျိုအမျိုးသားဖြစ်ရမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာဆေးစစ်ချက် အောင်မြင်ရန်လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူနိုင်ပြီး လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ မေ (၁၄) ရက်မှ မေ (၂၀) ရက်အတွင်း နီးစပ်ရာတိုင်းစစ်ဌာနချုပ်များသို့ ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဏာမရွေးချယ်ခံရသူများအား မေ (၂၂)ရက်တွင် မိဘ/အု ပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်သွားမည်ဖြစ်သည်။
တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားများအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ စာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လစဉ်ထောက်ပံ့ကြေးအဖြ စ် Grade-10 အတွက် (၄၃,၂၀၀) ကျပ်၊ Grade-11 အတွက် (၅၇,၆၀၀) ကျပ်နှင့် Grade-12 အတွက် (၇၂,၀၀၀) ကျပ် ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံများသို့ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု ဖုန်း ၀၃၆-၃၀၅၃၁ နှင့် ၀၃၆-၃၀၅၆၆ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
