Friday, May 15, 2026

ဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊ သွင်းအားစုနှင့်...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့...

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ...

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ...

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS...

မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊...

ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်...
HomeMoviesကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့...

ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည်

       
ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို မက်ဒေါနား၊ ရှာကီရာနှင့် ကေပေါ့ပ်အဖွဲ့ ဘီတီအက်စ်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
      
Coldplay မှ ခရစ္စမာတင်သည် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲအတွက် ပထမဆုံးအကြိမ်ထည့်သွင်းသည့် ဖျော်ဖြေပွဲကို စီစဉ်တင်ဆက်မည်ဖြစ်သည်။
      
အသင်း ၄၈ သင်း ပါဝင်သည့် အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် အမေရိက၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် စတင်မည်ဖြစ်သည်။
     
ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပထမပိုင်းနားချိန် ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လတွင် ကြေညာခဲ့သည်။
        
ထိုအချိန်ကမူ ဖျော်ဖြေမည့်သူ၊ ဖျော်ဖြေချိန် မည်မျှကြာမည်နှင့် တစ်ပိုင်းနားချိန်တွင် ဖျော်ဖြေပွဲလုပ်မည်ဆိုသည်တို့ကို ၎င်းက ထုတ်ပြောခဲ့ခြင်းမရှိပေ။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊ သွင်းအားစုနှင့် စက်သုံးဆီရရှိရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စိုက်ဘဏ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများ အချိန်မီရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို...

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဖွင့်လှစ်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပြောကြားချက်အရ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၉၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးသစ်ဆောက်လုပ်ပြီးစီးမှုကြောင့် ဒေသခံဈေးရောင်းချသူများအတွက် ပိုမိုအဆင်ပြေသည့် ဈေးရောင်းဝယ်ရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေး ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ မေ ၁၄ ရက်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများအား ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဘိုကလေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးဆောင်ရွက်နေ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071