တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ အစည်းအဝေးခန်းမများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိ ယပုံမှန်အစည်းအဝေးကိုလည်း ဇွန် ၄ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက်လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာရုံးများသို့ မေ ၃၀ ရက်ထက်မစော၊ မေ ၃၁ ရက်ထက်နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ သတင်းပို့ရာ၌ သက်ဆိုင်ရာလွှတ်တော်များ၏ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကဒ်ပြားများကိုယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
