Home News Local News ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

0
68

ယနေ့တွင် တောင်သူ(၈)သောင်းဦးခန့်အား ချေးငွေ (၁၆၇)ဘီလီယံကျော်ထုတ်ချေးပေးခဲ့

ပဲခူးတိုင်းအတွင်းမှ တောင်သူ(၂)သိန်းဦးခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဘီလီယံ(၃၀၀)ကျော်အား ရက် (၁၀၀)စီမံချက်အရ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

တောင်သူ(၁၇၁,၇၁၄)ဦး၏ စိုက်ဧက(၁,၀၇၉,၅၄၉)ဧကအတွက် ချေးငွေကျပ်(၃၂၃ ဒသမ ၅၃၅)ဘီလီယံ တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်ကာ ၎င်းတို့အနက် တောင်သူ(၇၈,၉၃၅)ဦး၏ စိုက်ဧက(၅၅၈,၈၉၆)ဧကအတွက် ချေးငွေကျပ်(၁၆၇ ဒသမ ၆၆၈)ဘီလီယံအား ယနေ့ မေ ၁၂ ရက်တွင်စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့်တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေများအား လယ်ယာကုန်ထုတ်လုပ်ငန်းတွင် အကျိုးရှိရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ထွက်ရှိသည့်သီးနှံများအရည်အသွေးပြည့်ဝကောင်းမွန်စွာဖြင့် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေးကြိုးပမ်းကြစေလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေများအား သက်ဆိုင်ရာတောင်သူများထံအသီးသီး ပေးအပ်ခဲ့ကြပြီး တောင်သူများအားနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here