Friday, May 8, 2026

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း...

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ...

နှစ်နိုင်ငံအကြား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့...

ဧပြီ လ (၃၀)ရက်မှ မေလ...

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဧပြီလ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း ငလျင် (၉)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။         ယင်းသို့ ငလျင်လှုပ်ခတ်ခဲ့မှုများနှင့်ပတ်သတ်၍...

နီပေါ သံအမတ်ကို နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်မည် နည်းလမ်းများဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr.Harish-chandra Ghimire ကို ယမန်နေ့က...
HomeNewsLocal Newsမြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို...

မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည်ငှားရမ်းခွင့်ပြုခြင်းဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်

ဌာန(သို့)အဖွဲ့အစည်းကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည်ငှားရမ်းခွင့်ပြုခြင်းဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန(သို့)အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများငှားရမ်းခွင့်ပြုခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက်ကကျင်းပခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန(သို့)အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို/နှစ်ရှည် ငှားရမ်းခွင့်ပြုခြင်းဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များပိုမိုတိုးတက်ကောင်းမွန်လာစေမည့်အပြင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများကြား ပိုမိုထိရောက်စွာပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးနိုင်သည့်အကျိုးကျေးဇူးများရရှိလာနိုင်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ဒု-ဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ ဌာန(သို့)အဖွဲ့အစည်းကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အ ဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများငှားရမ်းခွင့်ပြုခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၆)ပါလုပ်ငန်းစဉ်အဆင့်ဆင့်၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအပေါ် တွေ့ကြုံရသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက်ရောက်

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူရည်ချွန်စခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ထို့နောက် ၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

နှစ်နိုင်ငံအကြား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဧပြီလ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း ငလျင် (၉)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။         ယင်းသို့ ငလျင်လှုပ်ခတ်ခဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ "သက်ဆိုင်ရာဌာနတွေအနေနဲ့တော့ ငလျင်နဲ့ပတ်သက်ပြီး စီမံထားတာတွေရှိပါတယ်။ ငလျင်နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေ၊ပညာပေးလုပ်ငန်းတွေ ကြေညာထားတာရှိတယ်၊ အဲ့ဒီဟာလေတွေကိုသိအောင်တော့ လေ့လာထားသင့်ပါတယ် ၊ ဒါပေမယ့် တကယ်လက်တွေ လှုပ်တော့လည်း ကျွန်တော်တို့မလုပ်ဖြစ်ဘူးဗျ ။ ငလျင်လှုပ်တော့လည်း အကုန်လုံး အပြင်ပဲ ပြေးထွက်ကြတာပါပဲ ၊ အဓိကအနေနဲ့ ကျွန်တော်အကြံပြုချင်တာကတော့ ဘာဘဲဖြစ်ဖြစ် ငလျင်မှ မဟုတ်ဘူး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071