Friday, May 8, 2026

ထိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်များဖိလစ်ပိုင်တွင်နယ်စပ်အရေးဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့်...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့်...

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည်...

ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုရန်အီးယူကို ဇူလိုင်လ ၄...

မေလ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကနှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်ကို လာမည့် ဇူလိုင်လ ၄ ရက်ထက် နောက်မကျဘဲ အတည်ပြုရမည်ဖြစ်ကြောင်း၊...
HomeNewsLocal Newsဧပြီ လ (၃၀)ရက်မှ...

ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဧပြီလ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း ငလျင် (၉)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။       

 ယင်းသို့ ငလျင်လှုပ်ခတ်ခဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ “သက်ဆိုင်ရာဌာနတွေအနေနဲ့တော့ ငလျင်နဲ့ပတ်သက်ပြီး စီမံထားတာတွေရှိပါတယ်။ ငလျင်နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေ၊ပညာပေးလုပ်ငန်းတွေ ကြေညာထားတာရှိတယ်၊ အဲ့ဒီဟာလေတွေကိုသိအောင်တော့ လေ့လာထားသင့်ပါတယ် ၊ ဒါပေမယ့် တကယ်လက်တွေ လှုပ်တော့လည်း ကျွန်တော်တို့မလုပ်ဖြစ်ဘူးဗျ ။ ငလျင်လှုပ်တော့လည်း အကုန်လုံး အပြင်ပဲ ပြေးထွက်ကြတာပါပဲ ၊ အဓိကအနေနဲ့ ကျွန်တော်အကြံပြုချင်တာကတော့ ဘာဘဲဖြစ်ဖြစ် ငလျင်မှ မဟုတ်ဘူး၊ ဘေးအန္တရာယ်တစ်ခုဖြစ်လာရင် အရမ်းမကြောက်သွားဘဲနဲ့သတိကြီးကြီးလေးနဲ့ ရင်ဆိုင်ပါလို့ အဲ့ဒါပဲ ပြောချင်ပါတယ်။ ရေရှည်အစီအစဉ်ကတော့သက်ဆိုင်ရာဌာနကိုမေးမြန်းတာပိုကောင်းပါလိမ့်မယ်” ဟု ပြောသည်။    

ငလျင်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးမှုများကို သဘာဝဘေးစီမံခန့်ခွဲရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ငလျင်ဆက်တိုက်လှုပ်ခတ်နေမှုနှင့်ပတ်သက်​ပြီး “ငလျင်ကတော့ တောက်လျှောက်လှုပ်နေတယ်ပေါ့နော်၊ အဲ့အတွက်လည်း ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေကိုလည်းအဆင်သင့်ပြင်ဆင်ထားပါတယ် ၊ အသိပညာပေးပွဲတွေက ကျွန်တော်တို့လုပ်ထားတာတွေရှိပါတယ်၊ ဌာနဆိုင်ရာတွေ ကျောင်းတွေ မှာ ဟောပြောပွဲတွေလုပ်ခဲ့ပါတယ်။ ငလျင်ဆိုတာကတော့ ခန့်မှန်းလို့မရတဲ့သဘာဝဘေးတစ်ခုပါ ၊ ကျွန်တော်တို့လည်းပြည်သူတွေနဲ့အတူ ခံစားနေရပါတယ်။ ကျွန်တော်အထင်ပြောရရင်တော့ ငလျင်အသေးလေးတွေ လာတဲ့အတွက် ငလျင်ကြီး လာဖို့မရှိဘူးလို့ ကျွန်တော်အမြင်အရတော့ထင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း သတိလေးနဲ့နေဖို့ရယ်၊ ငလျင်နဲ့ပတ်သက်ပြီး ပညာပေးတွေကို လေ့လာဖို့ရယ် ပြောချင်ပါတယ်။ နောက်ရက်တွေမှာလည်း ငလျင်နဲ့ပတ်သက်တဲ့ပညာပေးတွေကို သဘာဝဘေးစီမံခန့်ခွဲရေးဌာနတွေနဲ့ ပူးပေါင်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု မအူပင်မြို့နယ် မီးသတ်ဦးစီးမှူး က ပြောသည်။            

မအူပင်မြို့တွင် ယမန်နေ့ မေလ (၆)ရက်နေ့ ည (၁၁)နာရီကျော်အချိန်က ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားသေးကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်များဖိလစ်ပိုင်တွင်နယ်စပ်အရေးဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒီရက် က ပြောကြားခဲ့သည်။ “ကျွန်တော် ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းရေးဆီကို ဦးတည်သွားနိုင်ဖို့...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့် မီးမွှေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံ၏ Houteng ကျောက်တန်း အနီးရှိ ရေပြင်တွင် ဥပဒေ နှင့်အညီပင်လယ်ရေကြောင်း ဂေဟစနစ်ကို စစ်တမ်းကောက်ယူနေစဉ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့တွင် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ...

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည် ရောဂါပိုးမတွေ့ရှိမီ သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည့် ခရီးသည်များနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းလျက်ရှိသည်။ MV Hondius သင်္ဘောပေါ်တွင် ဖြစ်ပွားခဲ့သော ကူးစက်မှုကြောင့် ဒတ်ခ်ျဇနီးမောင်နှံနှစ်ဦးနှင့် ဂျာမနီနိုင်ငံသားတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ခ်ျအို) ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် အတည်ပြုလူနာ ၅ ဦးရှိပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071