Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeInternationalအီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃)...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ ဆက်လက်ကြာမြင့်နိုင်ကြောင်း ထရမ့် ပြောကြား၊“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရမှာပါ”ဟုဆို

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။

ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt) နှင့် ဖုန်းဖြင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “ကျွန်တော်တို့အတွက် အချိန်က အဓိက မဟုတ်ပါဘူး” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဘက်သို့ အီရန်က ပ-စ်ခတ်မှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အီရန်နှင့် ရရှိထားသော အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျ-က်ပြယ်သွားပြီလား ဆိုသည့်အချက်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။

တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် ပဋိပက္ခပြန်လည်စတင်ခြင်းကို ဆိုလိုခြင်းလောဟု မေးမြန်းရာတွင် ထရမ့်က “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရမှာပါ”ဟု ဖြေကြားခဲ့သည်။

ထို့နောက် သူက ဆက်လက်၍ “ကျွန်တော်တို့က မှန်ကန်တဲ့ သဘောတူညီချက်တစ်ခု ရအောင်လုပ်မယ်၊ ဒါမှမဟုတ်ရင် အလွယ်တကူပဲ အနိုင်ယူလိုက်မှာပါ။ စစ်ရေးရှုထောင့်ကကြည့်ရင် ကျွန်တော်တို့ အနိုင်ရပြီးသားပါ။ ခင်ဗျားလည်း ကျွန်တော်ပြောနေကျအတိုင်း ကြားဖူးမှာပါ၊ တခြားလူတွေလည်း ပြောကြတယ်— အီရန်မှာ သင်္ဘော ၁၅၉ စီး ရှိခဲ့တာဟာ အခုတော့ တစ်စီးမှ မရှိတော့ဘူး။ အားလုံး ပင်လယ်အောက်ခြေကို ရောက်သွားပြီ” ဟု ဆိုသည်။

တနင်္လာနေ့က စက်သေနတ်များ တပ်ဆင်ထားသည့် အီရန်၏ အမြန်နှုန်းမြင့် စက်လှေငယ် ၈ စီးကို အမေရိကန်က ဖျ-က်ဆီးပစ်ခဲ့သည်ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့ပြီး “ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့” ဟု ဆိုပြန်သည်။

ထို့ပြင် အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားနိုင်သည်ဆိုသော်ငြား ရေကြောင်းကုန်သွယ်မှုဆိုင်ရာ အန္တရာယ်များ ရှိနေနိုင်ကြောင်းကိုလည်း ထရမ့်က သတိပေးခဲ့သည်။

“ခင်ဗျား တားလို့မရတဲ့ အချက်တစ်ချက်ကတော့ တစ်စုံတစ်ယောက်က မိုင်းအသေးစားလေးတစ်ခု ချထားတာမျိုးပဲ။ အဲဒီအချိန်မှာ ခင်ဗျားက ဒေါ်လာသန်းတစ်ထောင်တန် သင်္ဘောတစ်စီးကို ပိုင်ထားတယ်ဆိုရင် အဲဒီသင်္ဘောကို ရွက်လွှင့်ဖို့ ခင်ဗျား စိတ်ထဲသိပ်ပျော်မှာမဟုတ်တော့ဘူး” ဟု ထရမ့်က ဆိုသည်။

အီရန်ပြည်သူများသည် တီဟီရန်အစိုးရကို ပြန်လည်တိုက်ခိုက်ရန် “သေနတ်အချို့ ရရှိနေပြီ”ဟုလည်း ထရမ့်က ပြောကြားခဲ့ပြီး “သူတို့လက်ထဲ သေနတ်ရှိတာနဲ့ တခြားဘယ်သူမဆို တိုက်သလိုမျိုး သူတို့ ပြန်တိုက်ကြလိမ့်မယ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တို-က်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထိုတို-က်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးနှင့် ပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ်များကို ပြန်လည်တိုက်ခိုက်ခဲ့သလို ဟော်မုဇ်ရေလက်ကြားတွင်လည်း အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သည်။

ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဧပြီလ ၈ ရက်နေ့တွင် အပ-စ်အခတ်ရပ်စဲရေး စတင်ခဲ့သော်လည်း အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများသည် ရေရှည်တည်တံ့သော သဘောတူညီချက်တစ်ရပ် မထုတ်ဖော်နိုင်ခဲ့ဘဲ အ-ပစ်ရပ်သက်တမ်းကိုသာ နောက်ပိုင်းတွင် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ် မြန်မာအသင်း ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို မေ လ (၅) ရက်မှ (၂၂) ရက်အထိ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားအသင်းသည် ယခုပြိုင်ပွဲ၏ အုပ်စု (A) တွင် အိမ်ရှင်ဆော်ဒီအာရေးဗီးယား၊ ထိုင်းနှင့် တာဂျကစ္စတန်အသင်းတို့နှင့်အတူ ကျရောက်နေသည်။ မြန်မာပရိသတ်များအနေဖြင့် အုပ်စုအဆင့်ပွဲစဉ်ရလဒ်များကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ပြိုင်ပွဲအတွက်...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးမှု နှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မကြာမီ မိုးကျလာတော့မည် ဖြစ်ပြီး ကောင်းမွန်လျှက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ပြီး တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း ရေအားလျှပ်စစ်စက်ရုံများကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များ အမြန်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ နိုင်ငံ၏...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဟုသိရ

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ ၄ ရက်က ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်အညီ မောင်းနှင်ရန်လိုအပ်ပြီး သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တူညီဝတ်စုံများ သတ်မှတ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော် မည်ဖြစ်ကြောင်း၊ မီးပွိုင့်များကောင်းမွန်ရေးအတွက် စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်ရန်လိုကြောင်းလည်း ၄င်းကမှာကြားခဲ့သည်။     ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071