Home News Local News လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

0
111

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး အစီအစဉ်သစ်ကို မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍများတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့အတွက် တောင်သူလယ်သမားများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာချေးငွေများကိုလည်း ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ချေးမည့် ချေးငွေအစီအစဉ်သစ်သည် အတိုးနှုန်းသက်သာသော ချေးငွေများဖြစ်ပြီး တောင်သူများအနေဖြင့် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီသည့် ချေးငွေပမာဏရရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံပိုင်ဘဏ်များအပေါ် ယုံကြည်အားကိုးမှု ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှုမြင့်မားလာရေးအတွက် သက်ဆိုင်ရာဌာနများကလည်း အဂတိတရားကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးသီးနှံအပါအဝင် သီးနှံ ၂၄ မျိုးကို ထုတ်ချေးပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိုက်သင့်သလို တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here